ကျိုးချင်ပေါ် မှာ တခါတရံ စိတ်ကူးပေါက်ရာ လျှောက်လုပ်တတ်လေသည်။ ယခုလဲ ဖေယို့သည် သူ့အား စစ်ဆေးမေးမြန်းခြင်း အလျဉ်းမရှိပါဘဲ သူနှင့် ကောရှင်း၏ စကားပြောခန်းအား အတင်း စစ်ဆေးခိုင်းနေလေသည်။
"ကိုယ် မင်းကို တကယ် မလိမ်ရပါဘူးကွာ"
ကျိုးချင်ပေါ် သည် ကားမှန်နှင့် ထိခတ်ထားသော သူ့မျက်ခုံးတစ်ဖက်အား မြှင့်လိုက်ကာ ထူးဆန်းသည့် အသံကြီးဖြင့် ပြောလေသည်။
"မင်း သူပြောတာကို နားမထောင်ရဘူးနော်၊ သူ့ကို ကိုယ်တို့ရဲ့ စိတ်ကို ပေးလှည့်စားလို့မဖြစ်ဘူး"
"ကျွန်တော် သိပါပြီ"
ဖေယို့သည် ကျိုးချင်ပေါ် ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအား စွက်ဖက်လိုခြင်း မရှိလေရာ တစ်ဖက်သူ စိတ်ပြေစေရန်သာ ဖုန်း စခရင်အား ခပ်မြန်မြန် တစ်ချက်ကြည့်လိုက်ကာ ဖုန်းအား လော့ခ်ပြန်ချပြီးမှ ကျိုးချင်ပေါ် ဆီ ကမ်းပေးလိုက်လေသည်။
"ကောင်းတယ်"
ကျိုးချင်ပေါ် သည် သူနှင့် မျက်လုံးချင်းဆုံချင်သည့် အလား သူ့အနားသို့ တိုး၍လာသည်။
ထို့နောက် သူသည် ခေါင်းမာသည့်ဟန်ဖြင့် ပြော၍လာသည်။
"မင်းနဲ့ ကိုယ်နဲ့က တစ်ဖက်တည်းနော်, ဟုတ်ပြီလား။ သူပြောတာကို နားမယောင်လိုက်နဲ့နော်"
ကျိုးချင်ပေါ် သည် ကလေးဆန်ဆန် ပြုမူ၍လာလေသည်။ သူ၏ ပုံစံမှာ သူ၏ အချစ်ဆုံးသူငယ်ချင်းအား သူ့ဘက်၌ပင် နေကာ သူ့ကိုသာ မျက်နှာသာပေးစေလိုသည့် ကလေးငယ်လေးနှင့် တူလှပေသည်။
ဖေယို့မှာ ထိုသူ၏ ဇွတ်တရွတ်ဆန်မှုကြောင့် အနည်းငယ် အထိတ်ထိတ်အပျာပျာ ဖြစ်သွားရသည်။ သူသည် မသိစိတ်၏ စေ့ဆော်မှုကြောင့် အနောက်ဘက်သို့ အနည်းငယ် ယို့သွားကာ ကျိုးချင်ပေါ် ၏ ပခုံးထက်တွင် လက်တစ်ဖက်အား တင်လိုက်လေသည်။
"ကျွန်တော် အစကတည်းက သူ ပြောတာကို နားမထောင်ပါဘူး"
ဖေယို့သည် ကျိုးချင်ပေါ် ၏ မျက်ဝန်းများထံသို့ တည့်မတ်စွာ ကြည့်လိုက်ပြီးနောက် ကူကယ်ရာမဲ့ဟန်လေးဖြင့် ပြော၍လာသည်။
![](https://img.wattpad.com/cover/352949575-288-k611524.jpg)
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...