ဖေယို့သည် အခန်းတွင်းမှ အခြေအနေအား ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးခင်မှာပင် ကြီးမားသည့် အရိပ်တစ်ခုက သူ့အပေါ် အုပ်မိုးလိုက်ကြောင်း ခံစားလိုက်ရသည်။ အရိုးမရှိသည့် တီကောင်ကဲ့သို့ ဖြစ်နေသော ကျိုးချင်ပေါ် မှာ တံခါးဘောင်အား မှီထားကာ တစ်ချက်မှပင် မကြည့်ဘဲ ဖေယို့၏ ပခုံးထက်သို့ သူ့နဖူးလေးအား ပစ်တင်လာသည်။
"အရမ်းပင်ပန်းတာပဲ..."
ကျိုးချင်ပေါ် သည် အက်ရှနေသောအသံဖြင့် စကားဆိုသည်။
"ဘာလို့ အစောကြီးနိုးနေရတာလဲ?"
"အခု ၁၂နာရီတောင် ထိုးနေပြီ"
ဖေယို့မှာ ကူကယ်ရာမဲ့ဟန်လေးဖြင့် ပြန်ဖြေသည်။
ဖေယို့မှာ ကျိုးချင်ပေါ် ၏ ကိုယ်လုံးကြီး ရှေ့နောက် မယိမ်းနေအောင် ခန္ဓာကိုယ် ဝိတ်တစ်ခုလုံးအား သူ့ပခုံးဖြင့် တောင့်ခံပေးထားရခြင်း ဖြစ်ပြီး သူ ကျိုးချင်ပေါ် အား လက်ဖြင့် တွန်းထုတ်ချင်ပါသော်လည်း ပွေ့ဖက်လိုက်သည့် ပုံစံလိုမျိုး ဖြစ်နေပြန်ကာ သူ ဘယ်လို လက်အမူအရာလုပ်လုပ် တစ်ခုခု လွဲမှားနေသည့် ပုံ ဖြစ်၍နေသည်။
"အရင်ဆုံး မတ်မတ်ရပ်ပါဦး"
ဖေယို့သည် ပြောလာသည်။
ကျိုးချင်ပေါ် မှာ မိုးလင်းပေါက်နေနိုင်သော်လည်း မနက်စောစောတော့ မထနိုင်ပါချေ။ သူ မအိပ်စက်ဘဲ နေခဲ့သည့် အချိန်အတွက် ၁အချိုး ၂ နှုန်း ဖြင့် ပြန်အလျော် ပေးပြီး အိပ်စက်ရန် လိုလေသည်။ အခု သူသည် ပင်ပန်းမှုကြောင့် မျက်လုံးပင် ကောင်းကောင်း မဖွင့်နိုင်ပါချေ။
သူသည် တစ်ဖက်သူ စကားအား ကြားလိုက်ရသည့်အခါ ခေါင်းအား ခါယမ်းပြလာပြီး ဂျစ်တိုက်ဟန်ဖြင့် ဆိုလာသည်။
"ကိုယ် မနိုးသေးဘူးလို့"
သူသည် မျက်လုံးအား မှိတ်ထားးဆဲဖြစ်ကာ အက်ရှသော အသံဖြင့် ပြောပြီးနောက် ဖေယို့၏ ပခုံးအား ခေါင်းလေးဖြင့် ဘယ်ညာပွတ်သပ်လာသည်။
ဖေယို့သည် တစ်ဖက်သူမှာ အမှန်တကယ် အိပ်ပျော်သွားပြီး ပြုတ်ကျသွားမည်ကို စိုးရိမ်သဖြင့် တစ်ဖက်သူ၏ နောက်ကျောအား ပွေ့ဖက်ကာ ထိုသူ၏ ခန္ဓာကိုယ်အား ထိန်းထားပေးလေသည်။
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...