Part 43 - A school

177 31 0
                                    

ဖုန်းချပြီးသည်နှင့် ကျိုးချင်ပေါ်သည် ဖေယို့ဘက်သို့ လှမ်းကြည့်လာသည်။

"တစ်ခါလောက် သွားလိုက်လို့လဲ ဘာမှမဖြစ်ပါဘူး"

ဖေယို့သည် သူ့နံဘေးတွင် လမ်းယှဉ်လျှောက်ရင်း စကားဆက်လာသည်။

"ကျွန်တော်တို့က သူ့ကို စစ်ဆေးနေတယ်ဆိုပေမဲ့ တစ်သက်လုံး ရှောင်နေလို့မှ မရပဲ"

ကျိုးချင်ပေါ်သည်လည်း ထိုအတိုင်းပင် တွေးလေသည်။

သူသည် ပုန်ကန်လိုစိတ် ပြင်းပြသည့် ကာလအပိုင်းအခြားအား စောစွာ ကြုံတွေ့လိုက်ရ၍ ဖြစ်ကောင်းဖြစ်နိုင်သည်၊ သူ့ဘဝတွင် ပြသနာတက်မည်ကို အထူးတလည် ကြောက်ရွံ့နေတာမျိုး မရှိပါချေ။ ဒီကို မလာခင်ကတည်းကပင် သူသည် လျိုရှင်း၏ အခြေအနေအား ကိုင်တွယ်ရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားနှင့်ခဲ့ပြီး ဖြစ်ကာ မကောင်းသောကိစ္စများ၌ ပါဝင်ပတ်သက်ရမည် ဖြစ်မှန်း သိနှင့်ထားပြီးသား ဖြစ်သည်။ 

ထို့ကြောင့် သူသည် လျိုရှင်းအား ကိုင်တွယ်ရန် ကြိုတင်ပြင်ဆင်လာနှင့်ပြီး သားဖြစ်သည်။ ထို့အပြင် ကျိုးချင်ပေါ်မှာ လျိုရှင်းတစ်ယောက် ဘယ်လို ပါတီပွဲတွေပေး၍ ပိုက်ဆံအား ဘယ်လောက်တောင် သုံးဖြုန်းနေပုံကိုလဲ သိချင်သလို အမြတ်ငွေများကိုလဲ ဘယ်လိုဘယ်ပုံ အိတ်ထဲသို့ အရောက်သွပ်ထားကြောင်း စူးစမ်းချင်ပြန်သည်။ 

သူက တော်တော်လေးကို လောဘကြီးတယ်၊ ဒါပေမဲ့ ငွေကိုလဲ ရေလို သုံးပစ်ဖို့ မနှမြောဘူး...

ကျိုးချင်ပေါ်မှာ တွေးလိုက်မိသည်။ 

"ဘယ်လိုပဲဖြစ်ဖြစ် ဟာကွက်တစ်ခုခုကတော့ ရှိကိုရှိနေမှာပဲ"

ကျိုးချင်ပေါ်သည် သူ၏ လက်များအား အိတ်ကပ်အတွင်းသို့ ထည့်ကာ လမ်းလျှောက်နေရင်းမှ ပျင်းတိပျင်းရွဲဟန်ဖြင့် ပေါ်လာလေသည်။ 

သူသည် စကားဆက်လာသည်။

"သူသာ ကိုယ်တို့အကြောင်း စုံစမ်းချင်ရင် ကိုယ်တို့ဘက်က သူ့ကို စကားပြန်နှိုက်လို့ရသားပဲ"

စကားပြောနေစဉ်မှာပင် ကျိုးချင်ပေါ်၏ ဖုန်းမှာ ထပ်မြည်လာပြန်သည်။ လျိုရှင်းမှာ သူ စိတ်ပြောင်းသွားမည်ကို စိုးကြောက်နေပုံရဟန်တူကာ မိနစ်အနည်းငယ်အတွင်းမှာပင် သူသည် ညစာအတွက် ဘိုကင်တင်ပြီးပြီဖြစ်ကာ ဟိုတယ်လိပ်စာနှင့် သီးသန့်အခန်း နံပါတ်အား ကျိုးချင်ပေါ်ထံ ပို့ပေးလာခြင်း ဖြစ်လေသည်။ 

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now