ကျိုးချင်ပေါ် သည် အခြေအနေအား အကျိုးရှိရှိ အသုံးချကာ တစ်နေကုန် တွန်းလိုက် ဆွဲလိုက် လုပ်ရင်းဖြင့် အခွင့်ကောင်းယူခဲ့သည်။
(T/N အလုပ်မလုပ်တာကို ပြောချင်တာလို့ ထင်ပါတယ်)
အဆုံးတွင်တော့ သူသည် မပြီးပြတ်သေးသော အလုပ်တစ်ပုံတစ်ပင် ရှိနေသေးသည့် ဖေယို့အား အတူ ညစာအတူစားရန် သို့မဟုတ် သူနှင့်အတူ လမ်းဘေးစားသောက်ဆိုင်လေးများအား ဟိုဟိုဒီဒီ လျှောက်ကြည့်ရန် ခေါ်ထုတ်လာခဲ့လေသည်။
ဖေယို့မှာ အလုပ်စလုပ်ကတည်းက တစ်ခါမှ သူ့ကိုယ်သူ ယခုလို စိတ်အေးလက်သာ အနားယူခွင့် မပေးခဲ့ပါချေ။ သို့ပေမဲ့ ကျိုးချင်ပေါ် မှာ လွယ်လင့်တကူပင် သူ့အား ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပြီး သူ၏ ခေါက်ရိုးကျိုးနေသည့် နေ့စဉ်ဓူဝ ကိစ္စများအား ဘာမှပင် အားစိုက်ထုတ်ခြင်းမရှိပါဘဲ ကသောင်းကနင်း ဖြစ်သွားစေသည်။
ကျိုးချင်ပေါ် သည် အမှန်တကယ်ကို ပါရမီထူးလှသည်။ အနှီသူမှာ ပေါင်းသင်းဆက်ဆံရေးတွင် ပင်ကိုသဘာဝ ထူးချွန်လှကာ တခြားသူများအား မည်ကဲ့သို့ လွယ်လွယ်ကူကူ သိမ်းသွင်းရမည်ဖြစ်ကြောင်း ဝမ်းတွင်းကတည်းက သိများသိခဲ့သည်လားဟု ဖေယို့မှာ တွေးတောမိလိုက်သည်။
သူတို့ အနားယူခဲ့သည်ဟု ဆိုသော်လည်း အလုပ်က အလုပ်ပင် ဖြစ်သည်။ တစ်ညတာ အပန်းဖြေ ပြီးနောက်တွင်တော့ သူတို့သည် ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ သွားရန် သူတို့အတွက် အရေးကြီးပဏာမ တာဝန်တစ်ရပ်ဖြစ်သည့် အိပ်ရာစောစောထခြင်းအား ဆက်လက်လုပ်ဆောင်ရလေသည်။
ချင်းရှန်၏ ရုံးတွင်းစီမံအုပ်ချုပ်မှုမှာ အတော်လေး ကောင်းမွန်လှပေသည်။ ကျိုးချင်ပေါ် သည် စည်းကမ်းတင်းကြပ်လှသည့် လုပ်ငန်းခွင်အား အသားကျပါသော်လည်း Dongjiang ၌မူ သူသည် အရူးများ ပတ်ပတ်လည် ဝိုင်းနေသည့်အလား မသက်မသာ ခံစားရစေသည်။
Dongjiang ၌ ရှင်းလင်းပြတ်သားသည့် ကုမ္ပဏီတွင်း စည်းမျဉ်းစည်းကမ်းများ မရှိပါချေ။ ပရောဂျက်ဌာန တစ်ခုချင်းတိုင်းသည် ယာယီစာချုပ်နှင့် ငှားရမ်းထားးသည့် အဖွဲ့များအလား တစ်ဖွဲ့ တစ်မျိုး ဖြစ်ချင်းတိုင်း ဖြစ်၍ နေလေသည်။ အကြွင်းမဲ့ စီမံအုပ်ချုပ်ခွင့် အာဏာမှာ လျိုရှင်း၏ လက်တွင်း၌ ရှိသည်မှ လွဲ၍ ဆောက်လုပ်ရေးဆိုက် တစ်ခုချင်းတိုင်းသည် သူ့စည်းကမ်းနှင့် သူ ဖြစ်သည်။
![](https://img.wattpad.com/cover/352949575-288-k611524.jpg)
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...