သေချာပေါက် ဖေယို့သည် တစ်ဖက်သူ၏ စကားအား ငြင်းဆိုခြင်း မရှိပါချေ။ Dongjiang ရှိ အခြေအနေမှာ အတော်လေး ရှင်းလင်းနေပြီ ဖြစ်ပြီး လိုအပ်သည့် သတင်းအချက်အလက်အားလုံးကိုလဲ စုဆောင်းပြီးနှင့်နေပြီ ဖြစ်သည်။
ယခုကိစ္စမှာလဲ ယာယီနိဂုံးချုပ်ထားနိုင်ပြီး ဖြစ်လေရာ ဒီနေရာ၌ နောက်ထပ် ထပ်နေနေရန် အကြောင်းပြချက်လဲ မရှိတော့ပါချေ။
လျိုရှင်းသည် အထိန်းသိမ်းခံထားရဆဲ ဖြစ်ကာ အမှုကြားနာမှုအား စတင်ရန်လဲ အချိန်အတိုင်းအတာ တစ်ခု လိုအပ်ဦးမည် ဖြစ်သည်။
ကျိုးချန်ရှန်နှင့် ခဏတာ ဆွေးနွေးတိုင်ပင်ပြီး ကျန်သည့် ကိစ္စများအား ချင်းရှန်၏ ဥပဒေဌာနမှ ဆက်လက် ကိုင်တွယ်မည် ဖြစ်ကြောင်း တစ်ဖက်သူက အတည်ပြုပြီးနောက်တွင် ဖေယို့မှာ ကျိုးချင်ပေါ်နှင့် အတူ ပေကျင်းသို့ ပြန်လာခဲ့လေသည်။
ခပ်ပျပျ မိုးဖွဲလေး မောင်ပိုင်စီးထားသည့် ကောင်းကင်မှ ကီလိုမီတာ တစ်ထောင်ကျော်ဝေးသည့် ကောင်းကင်ပြာသို့ သွားရာ လမ်းတစ်လျှောက်တွင် ကျိုးချင်ပေါ်သည် လေယာဉ်ပေါ်၌ ခေတ္တအနားယူလိုက်ကာ လေယာဉ်ဆိုက်သော အချိန်၌ သူ၏ စိတ်အခြေအနေမှာ တော်တော်လေး အနည်ထိုင်သွားပြီ ဖြစ်လေသည်။
ဖေယို့ကတော့ သူ့စိတ်အခြေအနေနှင့် ပတ်သက်၍ အနည်းငယ် ပူပန်နေသေးသည့်ပုံ ပေါ်လေသည်။ သူတို့ ခရီးဆောင်အိတ်များ သွားယူရန် နေရာသို့ ရောက်သည့်အချိန်မှစ၍ သူသည် ကျိုးချင်ပေါ်အား ခဏခဏ ခိုးကြည့်နေလေသည်။
ကျိုးချင်ပေါ်သည် တစ်ဖက်သူ၏ အကြည့်အား ခံစားမိပုံရကာ အကြိမ်အနည်းငယ် ပြီးနောက်တွင် သူသည် မပြုံးဘဲနဲ့ မနေနိုင်တော့ပါချေ။
"ဘာဖြစ်လို့လဲ?"
ကျိုးချင်ပေါ်သည် သူ့လက်ချောင်းလေးများအား ဖေယို့၏ အင်္ကျီလက်စွန်းစလေးအား ဆွဲကိုင်လိုက်ကာ စနောက်လာသည်။
"ကိုယ်ကြည့်ကောင်းမှန်း ကိုယ်သိပြီးသားပါ၊ ဒါပေမဲ့ ကိုယ့်ကို ဒီလောက် ခဏခဏ ငေးကြည့်နေဖို့ မလိုဘူးလားလို့။ ကိုယ်တို့တွေ ချစ်သက်တမ်းကြာ ချစ်သူတွေ ဖြစ်ပြီလို့ စိတ်ကူးယဉ်ကြည့်စမ်း, မင်း ကိုယ့်ကို ဒီလိုတစ်စက္ကန့်တစ်ခါ ကြည့်နေရင် ကြာရင် ငြီးငွေ့သွားပေါ့။ အဲ့လိုမျိုးဆိုရင် မင်း တခြားအသစ်လေးတွေကို ရှာချင်သွားလိမ့်မယ် မဟုတ်ဘူးလား?"
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
רומנטיקהDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...