Part 18 - Steal what I want

244 53 0
                                    

ည ၉နာရီ ၁၀မိနစ်, အပြည်ပြည်ဆိုင်ရာ လေဆိပ်, ထွက်ပေါက် ၂ တွင်...

တတိယအကြိမ်မြောက် ဖေယို့သည် သူ့နာရီအား သူ ပြန်ကြည့်လိုက်သည်။

လေယာဉ်ထွက်ခွာချိန်မှာ ၁၀နာရီခွဲ ဖြစ်လေသည်။ သူတို့သည် ချင်းရှန်၌ လမ်းခွဲခင် ဖေယို့နှင့် ကျိုးချင်ပေါ်မှာ ထွက်ပေါက်၌ ၉နာရီတွင် တွေ့ဆုံရန် ချိန်းဆိုထားခြင်း ဖြစ်သည်။ သို့ပေမဲ့ ချိန်းဆိုထားသည်ထက် ၁၀မိနစ်ကျော် နောက်ကျနေပြီး ဖြစ်သော်လည်း ကျိုးချင်ပေါ်၏ အရိပ်အယောင်အား မမြင်ရသေးပါချေ။

Wechat စကားပြောခန်းလေးမှာ ဆိတ်ငြိမ်နေပြီး ဘာအကျိုးအကြောင်းစကားလေး တစ်ခွန်းသော်မှ မရောက်လာပါချေ။

ဖေယို့မှာ တစ်ဖက်သူအား ဖုန်းခေါ်သင့်၊ မခေါ်သင့် တွေးတောရင်း ဖုန်းတစ်လုံးဖြင့် ဗျာများနေချိန်တွင် ဖန်သားပြင်မှာ ရုတ်တရက် လင်းလက်သွားပြီး ကျိုးချင်ပေါ်၏ နာမည်မှာ ထွက်ပေါ်လာသည်။

သူတို့ နှစ်ဦးသားမှာ စိတ်ချင်းဆက်နွှယ်နေသည့်အလား ကျိုးချင်ပေါ်ဘက်မှ ဖုန်းအား အလျင်အမြန်ကိုင်၍ လာသည်။

( T/N ဒီနားလေးမှာ ဖေယို့က ကျိုးချင်ပေါ်ကို အမှတ်တမဲ့ ဖုန်းခေါ်မိသွားတာ ထင်ပါတယ်)

"ဟယ်လို"

လေလှိုင်းတစ်ဖက်ခြမ်းမှ ကျိုးချင်ပေါ်၏ အသံမှာ အက်ကွဲနေပြီး တစ်ဖက်သူသည် လေကို လုရှူနေရသကဲ့သို့ အသက်အား ခပ်ပြင်းပြင်း ရှူသွင်းနေလေသည်။

"ကိုယ် လေဆိပ်ကို ရောက်နေပြီ။ ဆယ်မိနစ်လောက် ထပ်စောင့်ပေးနော်"

"အလျင်စလိုလုပ်စရာ မလိုပါဘူး"

ဖေယို့သည် ခန်းမအတွင်းရှိ ခရီးစဉ်အချက်အလက် တင်ပြပေးနေသည့် ဘုတ်အား ကြည့်လိုက်ကာ ပြောလာသည်။

"လေယာဉ်ထွက်ချိန် နောက်ကျမယ်တဲ့။ အဲ့တာကြောင့် နည်းနည်းတော့ အချိန်လုလို့ ရပါတယ်"

ကျိုးချင်ပေါ်သည် 'သူ နားလည်ပြီ ဖြစ်ကြောင်း' အသံတစ်ချက်ပြုလိုက်ကာ ဖုန်းအား အလျင်အမြန် ချလိုက်လေတော့သည်။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now