Part 27 - Do you need a pretty male secretary to help you?

273 58 1
                                    

ဖေယို့သည် ပင်ကို မသိစိတ်၏ စေ့ဆော်မှုကြောင့် လျိုရှင်းပေါ်၌ ကောင်းမွန်သော ထင်မြင်ချက်မရှိလေရာ တစ်ဖက်သူနှင့် အလပ္ပသလ္လာပ ပြောဆိုရာတွင် စိတ်အားထက်သန်ခြင်း မရှိနေပါချေ။ သူတို့သည် အမည်နာမများ အပြန်အလှန် မိတ်ဆက်ပြီးသည့်နောက်တွင် ဖေယို့သည် တိုက်ရိုက်ပင် ဘဏ္ဍာရေး အစီရင်ခံစာ အကြောင်း မေးလိုက်သည်။

လျိုရှင်းမှာ သူ့အား ဝေ့လည်ကြောင်ပတ် များများစားစား လုပ်ခြင်း မရှိပါဘဲ လျင်လျင်မြန်မြန်ပင် သဘောတူလာသည်။ သူသည် အတွင်းရေးမှူးလေးအား ဖေယို့တစ်ယောက် ယာယီ အလုပ်လုပ်ရသည်မှာ အဆင်ပြေစေရန် နေရာထိုင်ခင်းတစ်ခုအား ပြင်ဆင်ပေးရန် ပြောလိုက်သည်။

"ကျွန်တော် ဘဏ္ဍာရေးဌာနကိုပဲ တိုက်ရိုက်သွားလိုက်လို့ မရဘူးလား?"

ဖေယို့သည် အေးတိအေးစက်ပင် မေးလိုက်သည်။

"ကျွန်တော် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကျွန်တော့်ဘာသာ ကျွန်တော် သွားယူလို့ ရပါတယ်"

"အဲ့လိုလုပ်လို့ မရတာမျိုးတော့ မဟုတ်ပေမဲ့ သိပ်ပြီးတော့ အဆင်မပြေလို့ပါ။

လျိုရှင်းသည် အတွင်းရေးမှူးအား ပစ္စည်းပစ္စယာများကို သွားယူရန် ညွှန်ကြားနေပြီးမှ ပြန်ပြောလာသည်။

"အိုင်း ကျွန်တော်တို့ နေရာလေးအား တော်တော်လေး သေးပြီးတော့ ကျွန်တော်တို့ စီးပွားရေးကလဲ အဲ့လောက်ထိ စည်းစနစ်ကျကျကြီးလဲ မဟုတ်ဘူးလေ။ နောက်ပြီး ဘဏ္ဍာရေးဌာနမှာက ကုမ္ပဏီရဲ့ တရားဝင် စည်းတံဆိပ် စာရွက်စာတမ်း နဲ့ ကုမ္ပဏီရဲ့ အချက်အလက်တွေကို အတူတူ ရောထားထားတာ။ အဲ့တာကြောင့် လုံးဝကို ဖရိုဖရဲ ဖြစ်နေတာလေ"

လျိုရှင်းမှာ အဖြစ်မှန် တစ်ဝက်ကိုသာ ရှင်းပြသော်လည်း ဖေယို့မှာတော့ အဓိပ္ပါယ်ကို ကောင်းကောင်းကြီး နားလည်လိုက်ပြီ ဖြစ်သည်။

ဒါဆို Dongjiang ရဲ့ ဘဏ္ဍာရေးမှာ တကယ်ကို တစ်ခုခု ဖြစ်နေတာပေါ့...

ဖေယို့သည် လျိုရှင်းဘက်မှ လိုလိုလားလား ပူးပေါင်းလိမ့်မည် မဟုတ်မှန်း အစကတည်းက မျှော်လင့်ထားပြီးသား ဖြစ်လေရာ သိပ်မအံ့ဩမိပါချေ။ သို့ပေမဲ့ သူသည် ပထမစစချင်းနေ့မှပင် ရောက်ရောက်ချင်း ဆောက်နှင့် ထွင်းရန်လဲ မရည်ရွယ်ထားသဖြင့် သူသည် ခြေတစ်လှမ်းဆုတ်ကာ တစ်ဖက်သူ၏ အစီအစဉ်ကိုသာ လက်ခံပေးလိုက်သည်။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now