ကျိုးချင်ပေါ် သည် သာမာန်မှ လွဲဖယ်သော နည်းလမ်းများအား အသုံးပြုဖူးသော ရာဇဝင်ရှိသည့်အပြင် အတင်းအဖျင်း အသိုင်းအဝိုင်းတွင်းသို့ လွယ်လင့်တကူ ဝင်ရောကာ စကားနှိုက်တတ်လေရာ ဖေယို့မှာ ထိုသူတစ်ယောက် ဒီအတိုင်း ဟိုနားဒီနား လမ်းလျှောက်ထွက်ခဲ့သည်ဟု မထင်ပါချေ။
မထင်မှတ်ထားစွာဖြင့် ကျိုးချင်ပေါ် ၏ ခေါင်းလေးမှာ သူ့ဘက်သို့ လှည့်လာကာ နားမလည်သည့်ဟန်လေးဖြင့် ကြည့်လာသည်။
ထို့နောက်တွင်တော့ သူသည် သူ့ဘောင်းဘီမှ ရွံ့ကွက်လေးအား ခါလိုက်ကာ သဘာဝကျကျပင် ပြော၍လာသည်။
"ခုနတုန်းကလား? သူတို့ ရေတွင်းတူးတာကို သွားထိုင်ကြည့်နေတာလေ"
ဖေယို့ "..."
ကျိုးချင်ပေါ် မှာ ဖေယို့အား အမှန်ပြော တစ်လှည့် ၊ လိမ်ပြော တစ်ခါဖြင့် ကြိမ်ပေါင်း မရေမတွက်နိုင်အောင် စနောက်ဖူးခဲ့ပြီး ဖေယို့မှာလဲ အကြိမ်တိုင်းလိုလို ထိုသူ့ ထောင်ချောက်အတွင်း တည့်တည့်မတ်မတ် ကျသွားသည်ချည်းသာ ဖြစ်သည်။
ဒီတစ်ခါ ကျိုးချင်ပေါ် ၏ စကားအား ကြားပြီးသည့်နောက်တွင် ဖေယို့ မျက်နှာမှာ ခဏတာ ကွက်ခနဲ ပျက်သွားရသည်။ သူသည် သူ၏ ပါးစပ်အား ဖွင့်လိုက်သော်လည်း ဘာစကားမှ မဆိုနိုင်ပါချေ။
ကျိုးချင်ပေါ် မှာ ဖေယို့၏ အနှီအူတိအူကြား ဖြစ်သွားသည့် အမူအရာလေးအား အကြိမ်တိုင်းလိုလိုပင် အူမြူးစွာ အရသာခံ ကြည့်ရသည်အား လွန်စွာ နှစ်ခြိုက်လေသည်။
ယခု ဖေယို့၏ အမူအရာအား မြင်လိုက်ရသည့်အခါ သူသည် တသောသောရယ်မောရင်း လက်အား ဝှေ့ယမ်းပြလာသည်။
"ကိုယ် ဒီအတိုင်း နောက်လိုက်တာပါ"
ကျိုးချင်ပေါ် သည် အားရအောင် ရယ်မောပြီးနောက်တွင် မျက်နှာပိုးအား အတင်းသတ်၍ ကိုယ်နေဟန်ထားအား ခပ်မတ်မတ် ပြန်ဖြစ်စေလိုက်သည်။
"တကယ်တော့ ကိုယ် အဲ့ဒီကို သွားတယ်ဆိုတာက ဆောက်လုပ်ရေးအဖွဲ့တွေ အုတ်မြစ်ချဖို့အတွက် တူးနေတာကို သွားကြည့်တာ"
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...