Part 33 - Where did you go?

205 41 0
                                    

ဖေယို့သည် အခုလေးတင် ခေါင်းပုံချခံလိုက်ရသော စာရင်းကိုင်အသစ်လေးမှာ ဒီမရှင်းမလင်း ကိစ္စဟူသမျှအား ဒီဘူတာပင်ပြန်ဆိုက်စေရန် တမင် ဖန်တီးထားသည့် လျိုရှင်း၏ လက်တွင်းမှ နယ်ရုပ်လေးဖြစ်ကြောင်း သိလေသည်။ ယခင် စာရင်းကိုင်ရော၊ ယခု စာရင်းကိုင်ပါ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ဘာဆိုဘာမှ သိရှိခြင်းမရှိနေကာ တစ်ယောက်မှ အားကိုး၍ မရပါချေ။

ဖေယို့မှာ ယခုလို ဘောလီဘောပုတ်နေကြသော လုပ်ငန်းစဉ်အား နည်းနည်းလေးပင် အံ့အားသင့်သွားခြင်း မရှိပါဘဲ ထိုအတွက် သင့်တော်သော တုံ့ပြန်မှုအား ကြိုတင်စဉ်းစားထားနှင့်ပြီးသား ဖြစ်လေသည်။ သို့ပေမဲ့ သူ ဘာမှမပြောနိုင်သေးမှာခင် ဂိုဒေါင်အား ခပ်သာသာ လာခေါက်သည်အား ကြားလိုက်ရသည်။

"သောက်သုံးလဲ မကျ၊ ဘာမှလဲ မသိ၊ ဘာမှလဲ မလုပ်နိုင်။ အဲ့တာဆို ဘာလို့ စာရင်းကိုင် ထားထားသေးလဲ?"

ဖေယို့နှင့် လျိုချွမ်းတို့ တပြိုင်နက်တည်း လှည့်ကြည့်မိလိုက်သည့်အခါ 'ဟိုနားဒီနား လျှောက်ကြည့်ဦးမည်' ဆိုသော ကျိုးချင်ပေါ် တစ်ယောက် ပြန်ရောက်လာသည်ကို တွေ့လိုက်ရလေသည်။

သူသည် သူ၏ ကုတ်အင်္ကျီအား လက်မောင်းထက်တွင် ချိတ်ထားကာ အင်္ကျီလက်ကို ခေါက်တင်ထား၍ အချိုးကျလှပသော လက်ဖျံအား လှစ်ဟပြသထားလေသည်။ ဖေယို့သည် ထိုသူ့အား တစ်ချက်ကြည့်လိုက်သည့်အခါ ဘောင်းဘီထိပ်ဖျားနားတွင် ပေကျံနေသဖြင့် အကြင်သူမှာ ရွံ့အိုင်အား ဖြတ်ထားလာခဲ့ပုံရလေသည်။

"အခုထိ လွှဲပြောင်းထားတဲ့ အလုပ်ကိုလဲ ကောင်းကောင်းမွန်မွန် လက်စမသတ်နိုင်သေးဘူး"

ကျိုးချင်ပေါ် သည် တံခါးအား မှီထားကာ စိတ်မရှည်သည့်ဟန်ဖြင့် မျက်မှောင်ကြုတ်ထားလေသည်။

"အဲ့လို စာရင်းကိုင်မျိုး ဆက်ထားထားတော့လဲ ဘာများထူးမှာလဲ? ဒီအတိုင်း အလုပ်သာထုတ်လိုက်တော့"

လျိုချွမ်းမှာ ကျိုးချင်ပေါ် ၏ ဂုဏ်သတင်းအား ကြိုတင်ကြားနှင့်ပြီးသား ဖြစ်လေသည်။ လျိုရှင်းသည် သူ့အား 'အရေးကြီး ဧည့်သည်များ' အား ကြိုဆိုဧည့်ခံရန် စီစဉ်ထားလေရာ သူသည် လျိုချွမ်းအား ထိုဧည့်သည်များအကြောင်း သေသေချာချာ ရှင်းပြထားနှင့်ပြီ ဖြစ်သည်။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now