Arc(13) ထိပ်တန်းကျောင်းသား(၁၇)။
လင်ခုံးလုနှင့်ချူစစ်ရုံးခန်းထဲအတူလျှောက်ဝင်သွားတော့ လောင်လီကသချာ်ပြိုင်ပွဲအတွက်အစမ်းမေးခွန်းများကိုဖတ်နေလေသည်။
သူလူနှစ်ယောက်ဝင်လာတာမြင်သွားတော့ပြုံးပြလာပြီးမှချူစစ်ကိုပြောလိုက်သည်။
"ဒီပြိုင်ပွဲအတွက်ရွေးထားတဲ့အစမ်းမေးခွန်းတွေကအရမ်းကောင်းတယ်။ မင်းဒသမမြောက်နေရာအတွက်လျှောက်လို့ရပြီ။ မင်းရဲ့လတ်တလောစာလေ့လာမှုကကောင်းလာပုံရမှန်းငါမြင်တယ်။ မင်းဒါကိုဆက်ထိန်းထားရမယ်နော်။ မင်းဂုဏ်မောက်မနေရဘူး၊ သိပြီလား။"ချူစစ်ခေါင်းငြိမ့်ပြလိုက်သည်။
သူဟာဘာသာရပ်များကိုအလွန်ဘက်လိုက်ပြီးကောင်းမွန်သောသချာ်ရမှတ်ရှိမှန်းသိလိုက်ရတော့လင်ခုံးလုပင်အံ့အားသင့်သွားရသည်။ ပြန်မွေးဖွားလာတာနှစ်ပတ်တောင်မရှိသေးပေမဲ့ အထက်တန်းကျောင်းမှာသင်ယူလေ့လာခဲ့တဲ့အသိပညာတွေကိုပြန်လေ့လာပြီးပြီပေါ့လေ?
လင်ဇိုင်းဇိုင်းကဘာလို့်အကုန်မေ့သွားတာလဲ။ သေချာတာပေါ့၊ သူလေ့ကျင့်တာနည်းနေသေးတယ်။
သူတွေးနေစဥ်လောင်လီကရုတ်တရက်သူ့နာမည်ကိုခေါ်လာသည်။
တစ်ဖက်လူကအရင်ဆုံးသက်ပြင်းရှည်ကြီးချလာပြီးမှပြောလာသည်။
"လင်ခုံးလု၊ မင်းကတော့အခုတလောအခြေအနေသိပ်မကောင်းဘူး။ မင်းစာလေ့လာရာမှာအာရုံမစိုက်ဘူးလို့ငါမြင်တယ်။ မင်းကဒီအစမ်းစာမေးပွဲမှာအဆင့်၉ပဲချိတ်တယ်။ ဒါမဖြစ်သင့်ဘူးနော်၊ လုံးဝမဖြစ်သင့်တာ!"လောင်လီကစားပွဲကိုဝမ်းနည်းစွာခေါက်ကာဆိုလေသည်။
"မင်းစာမေးပွဲမှာရှေ့ကဖြစ်သင့်တာကွ!""ကျန်းယွိကမင်းရဲ့စာလေ့လာမှုကိုထိခိုက်အောင်လုပ်ခဲ့တာလား။ ငါကြားတာကတော့အရင်အပတ်ကမင်းသူနဲ့အတူအင်တာနက်ကဖေးကိုသွားခဲ့တယ်ဆို၊ ပြီးတော့..."
"မင်းသူနဲ့တအားနီးနီးကပ်ကပ်နေလို့မရဘူး။ မင်းကကျောင်းသားကောင်းအနေနဲ့ဦးဆောင်ပြီးတော့ကျန်းယွိကိုမင်းဆီကလေ့လာသင်ယူခိုင်းရမှာ၊ မင်းသူ့ဆီကသင်ယူရမှာမဟုတ်ဘူးလေ၊ ဟုတ်ပြီလား။"
![](https://img.wattpad.com/cover/360969291-288-k782291.jpg)
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့