[၃၂၀] ထိပ်တန်းကျောင်းသား။

1.3K 250 10
                                    

Arc(13) ထိပ်တန်းကျောင်းသား(၁၃)။

လင်ဇိုင်းဇိုင်းရှေ့တိုးနောက်ဆုတ်မရဖြစ်သွားသည်။ သူသူ့ဖေငယ်ကိုလျစ်လျူမရှူနိုင်သကဲ့သို့သူ့ဖေကြီးကိုလည်းမရိုက်နိုင်။

သူစိတ်ပူနေမိစဥ်လင်ခုံးလုနောက်ဆုံးမှာခေါင်းလှည့်ကြည့်လိုက်သည်။

သူလင်ဇိုင်းဇိုင်း၏ပုခုံးပေါ်လက်တစ်ဖက်တင်ကာမူးဝေစွာဖြင့်နီရဲရဲမျက်ဝန်းတစ်စုံနှင့်မျက်ဝန်းထဲမှာအပြုံးလေးရှိလို့နေသည်။ ချူစစ်ကိုမြင်သွားပြီးနောက်သူ့အပြုံးပျောက်သွားကာဖြည်းဖြည်းချင်းမေးလိုက်သည်။
"မင်းဘာလို့ငါ့နောက်လိုက်ထွက်လာတာလဲ။"

ထို့နောက်သူမေးလိုက်သည်။
"သူဘာလုပ်မယ်လို့မင်းထင်တာ?"

လင်ဇိုင်းဇိုင်းစိတ်လှုပ်ခတ်သွားရသည်။ သူ့ဖေငယ်ကသူ့ကိုမျက်နှာသာပေးနေတုန်းပဲ။

ချူစစ်မျက်နှာပိုအေးစက်သွားကာသူ၏နှုတ်ခမ်းပါးများတင်းတင်းစေ့သွားပြီးသူလင်ခုံးလုကိုနင့်နင့်နဲနဲကြည့်လိုက်သည်။ အကြာကြီးနေမှသူသြရှရှအသံနှင့်ပြောလိုက်သည်။
"သူမင်းကိုဘယ်ခေါ်သွားချင်နေလဲမင်းသိလား။"

လင်ခုံးလုဖြည်းဖြည်းချင်းတုံ့ပြန်လာပြီးတစ်အောင့်ကြာတန့်သွားပြီးမှလင်ဇိုင်းဇိုင်းကိုဇဝေဇဝါဖြစ်စွာကြည့်လိုက်မိသည်။

ချူစစ်ကလည်းလှမ်းကြည့်လာပြီးသူ့မျက်လုံးများမှာအေးစက်မှုတို့လွှမ်းခြုံလျက်ရှိသည်။

လင်ဇိုင်းဇိုင်းမှာရုတ်တရက်​ကြီးမားသောဖိအားခံစားလိုက်ရပြီးထစ်ထစ်အအနှင့်-
"ဟိုတယ်ကိုလား။ ငါ့အိမ်ကိုလား။ မင်း မင်းအိမ်ကိုသွားရင်​ကော..."

လင်ခုံးလု"အမ်း"ဟုဆိုကာပြောလိုက်သည်။
"ဟိုတယ်မှာသွားနေတာပိုကောင်းတယ်။"

ထိုသို့ပြောပြီးနောက်သူလင်ဇိုင်းဇိုင်း၏ပုခုံးကိုသိုင်းဖက်ကာအရှေ့ကိုလှည့်ပြီးလမ်းမဘေးကိုဆက်လျှောက်သွားသည်။

သို့သော်သူခြေနှစ်လှမ်းလှမ်းလိုက်သည်နှင့်သူ့လက်ကောက်ဝတ်ကိုတစ်စုံတစ်ယောက်ကရုတ်တရက်လှမ်းဆွဲလာသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now