Chapter 86
June 11, 2024
👻Chapter 86
ရုပ်ရှင်ရိုက်မှာလား....လော့ဇီယန်က ဒေါသထွက်လာသည့်ပုံပင်။
လော့ဇီယန်နှင့် ယဲ့ယွမ်တို့၏ ခန္ဓာကိုယ်အချိုးအစားကို နှိုင်းယှဥ်ကြည့်ရင်း အသံတိတ်နေရာမှ ချူဟွိုက်က သတိထားပြီး ပြောလိုက်မိသည်
" ခင်ဗျားက သူ့ကို မတွန်းလှန်နိုင်လောက်အောင် အားနည်းနေမယ်လို့တော့ မထင်ပါဘူး..."
ယဲ့ယွမ်က လော့ဇီယန်ထက် အရပ်ပိုရှည်သော်လည်း ပိုပြီး ပိန်သည်။
လော့ဇီယန်က ချူဟွိုက်၏ စကားများကြောင့် သူခိုးလူမိသလို ဖြစ်သွားရပြီး မျက်နှာနီရဲလာသည်။ ချူဟွိုက်က ဖြစ်ခဲ့သည့်အရာကို ချက်ချင်း သဘောပေါက်သွား၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်ရသည်။
နှစ်ယောက်သား အောက်ထပ်သို့ သွားနေချိန်အတွင်း လော့ဇီယန်က တိုးတိုးလေး ကပ်မေးလာသည် " စွန်းကျားမူက ဘယ်လိုလုပ်ပြီး သေသွားရတာလဲ...."
ချူဟွိုက်က စွန်းကျားမူကို သရဲ သတ်သွားသည်ဟု အကျဥ်းချုံး ရှင်းပြလိုက်သော်လည်း လော့ဇီယန်က စွန်းကျားမူ လွယ်လွယ်လေး သေသွားခြင်းအပေါ် မယုံကြည်နိုင်သေးပေ။ စိတ်ပျက်စရာကောင်းသည့်သူ ဖြစ်သော်လည်း စွန်းကျားမူက အားကောင်းသည့်သူ ဖြစ်သည်။
ချူဟွိုက်နှင့် စွန်းကျားမူတို့ မစ်ရှင်ထဲ ရောက်နေကြသည့်အတောအတွင်း လော့ဇီယန်က ချူဟွိုက်ကို စိတ်ပူ၍ အချိန်ရတိုင်း အောက်ထပ်က စီရင်ချက်နံရံကို သွားသွားကြည့်မိသည်။ထို့နောက် လေးရက်မြောက်နေ့တွင် စွန်းကျားမူ၏ ပန်းချီကား ပေါ်လာသည်ကို တွေ့ရလေသည်။ ယင်းက "ဆေးရောင်ခြယ် အရေပြား" ဆိုသည့် ရုပ်ရှင်မှ ရှောင်ဝိန်းက အမျိုးသမီးတစ်ယောက်ကို ရေချိုးကန်ထဲ ထိုးချနေသည့် ဇာတ်ဝင်ခန်းနှင့်ပင် ဆင်နေသည်။
စွန်းကျားမူနှင့် တစ်ပုံစံတည်းတူသည့် အခြားတစ်ယောက်က အနောက်ကနေ သူ့ကို ဖိထားပြီး စွန်းကျားမူဆီ လျှာအရှည်ကြီး ထုတ်လာသည်။
ကျင်းထျန်းယိက သရဲတစ်ကောင်လို လော့ဇီယန်နောက်မှ ပေါ်လာ၍ လန့်၍ အော်လိုက်မိသည်
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
Horrorချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ် ကမ္ဘာကြီးထဲ ရောက်သွားပြီး အမျိုးသမီး အဝတ်အစား ဝတ်ထားသည့် ယောက်ျားတစ်ယောက်အဖြစ် ပုံစံပြောင်းသွားခဲ့သည...