Wayo-POV
Pha-- Companyရှေ့မှာ ဘာရပ်လုပ်နေတာလဲ? ဟင်… ! မင်း ငိုနေတာလား…!???
ကျွန်တော့်ကို ကျွန်တော်တောင်မသိလိုက်ဘဲ မျက်ရည်ကျနေမိတာလား…? ချက်ချင်းခေါင်းခါပြီး လိမ်လိုက်မိတယ်…
Yo-- မဟုတ်ပါဘူး P'! မျက်လုံးထဲ ဘာဝင်သွားလဲ မသိဘူး…
Pha-- ဟင်! ဟုတ်လား… P'ကိုပြ! ကြည့်ပေးမယ်!
Yo-- ရပါတယ်P'!
Pha-- ဟုတ်လို့လား … မျက်လုံးတွေက ရဲနေသလိုပဲ လာပါ P'ကြည့်ပေးမယ်…P'Phaက ကျွန်တော့်လက်ကိုဆွဲပြီး သူ့လက်နဲ့ ကျွန်တော့် ခေါင်းကိုဆွဲမော့ကာ ကျွန်တော့်မျက်လုံးတွေကို သေချာစိုက်ကြည့် နေတယ်။ ကျွန်တော်လဲ ရုတ်တရတ် P'Phaရဲ့ မျက်နှာကို အနီးကပ်မြင်လိုက်ရတော့ ကြောင်ပြီး ပြန်စိုက်ကြည့်နေမိတယ်။ ရန်ခုန်သံတွေ မြန်လာတယ်… ခံစားချက်တွေမျိုသိပ်ပြီး တံတွေးတစ်ချက်မျိုချလိုက်တယ်။
Pha-- Nongရဲ့ မျက်လုံးတွေက အရမ်းလှတာပဲ!
💓💓💓💓💓💓💓💓💓💓
ကျွန်တော်ဘာပြောရမှန်းမသိဘဲ ကြောင် အ နေမိတယ်။ နောက်တော့ P'Phaက
Pha-- မျက်လုံးထဲမှာ အမှိုက်တော့မတွေ့ဘူး ကားလမ်းနားမှာဆိုတော့ ဖုန်ဝင်သွားတာနေမှာ…
Yo--ရပါတယ်P'တကယ်ဘာမှမဖြစ်တော့ပါဘူး!
ကျွန်တော် မျက်လုံးကိုအသာပွတ်ရင်း ပြန်ပြောလိုက်တယ်။
Pha--Nong က ဒီကို ဘာလာလုပ်တာလဲ? P'ကိုလာတွေ့တာလား?
Yo-- ဟမ်! မဟုတ်ပါဘူး! ကျွန်တော် ဒီနားမှာ ကိစ္စလေးရှိလို့ပါ
Pha--သြော်! မသိပါဘူး P'ကိုလာတွေ့တယ် ထင်နေတာ အတော်ပဲ Nong အခုအားတယ် မဟုတ်လား… ဟိုတခါက P'ပြောခဲ့သလို ကျေးဇူးဆပ်တဲ့အနေနဲ့ တစ်ခုခုပြန်ကျွေးချင်လို့
ကျွန်တော့်ရင်ထဲ စူးအောင့်နေအောင် နာကျင်နေပေမယ့် P'ရဲ့အနားမှာ ခဏဖြစ်ဖြစ် ထပ်နေဖို့ အခွင့်အရေးရလာတော့ ကျွန်တော် ပြုံးလိုက်မိပါတယ်။ ခေါင်းကို ပုတ်သင်ညို တစ်ကောင်လို တဆတ်ဆတ်ညိတ်ပြီး ဖြေလိုက်တယ်။
P'Phaက အပြုံးနုလေးတစ်ခုနဲ့ ကျွန်တော့်ကိုပြန်တုံ့ပြန်လိုက်ပြီး
Pha-- ဒါဆို Nong ဘယ်မှာ ဘာစားချင်လဲ?
Yo-- ကျွန်တော်တို့နှစ်ယောက်တွေ့ခဲ့တဲ့ဆိုင်မှာပဲ သွားစားရအောင်P'Pha ! အဲဒီမှာ အေးချမ်းတယ် အရသာလဲကောင်းတယ်။

KAMU SEDANG MEMBACA
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
Fiksi PenggemarThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...