The Gift 🎁

1.8K 115 52
                                        

The Gift

Pha-POV

Yoနဲ့ ရုံးခန်းဆီ ပြန်ရောက်လာတော့ မားနဲ့ Kit တို့ ရောက်နှင့်နေကြတယ်။Yoက မားကိုပျော်ရွှင်စွာ နှုတ်ဆက်လိုက်ပေမယ့် မားက မျိုသိပ်ထားတဲ့ ခံစားချက်တစ်ချို့ပေါ်လွင်နေတဲ့ အမူအယာနဲ့ကျွန်တော့်ကို လှမ်းကြည့် လိုက်တယ်ဆိုတာ သိလိုက်တယ်။ Yoကိုချော့ပြီး မားက ကျွန်တော်နဲ့ နှစ်ယောက်တည်း စကားပြောဖို့ ခေါ်လာခဲ့တယ်။

မား-- သားကို အသိပေးပြီးပြီလား Phana..
Pha--ဟုတ်။ ပြောပြထားပါတယ်။
မား-- လက်ခံမယ်တဲ့လား။
Pha--စိတ်ချပါမား...Yo လက်ခံမှာပါ။
မား-- သားကို မားမေးချင်တာတစ်ချို့ရှိတယ်။ ဒါပေမယ့် မေးဖို့လဲ အားနာမိတယ်။
Pha--မားရယ်..ပွင့်ပွင့်လင်းလင်း မေးပါ။

မား-- Yoလေးကို.....သားက ကုသမှုခံယူဖို့ ခွင့်ပြုလိုက်တာ......
မေးရတာစိတ်မကောင်းပေမယ့် ဘာကြောင့်လဲ သားPhana.....
Yoလေးကို အိမ်မက်ဆိုးတွေ မမက်စေချင်တဲ့ ဆန္ဒသက်သက်ကြောင့် ပဲလား။ဒါမှမဟုတ် သားမှာ တခြားရည်ရွယ်ထားတဲ့ သူကြောင့် Yoလေးကို လက်လွတ်ဖို့ဆုံးဖြတ်လိုက်တာလားဆိုတာ သိချင်တယ်။

Pha--သားမှာ တခြားရည်ရွယ်ချက်ဆိုတာ မရှိပါဘူး။ Yoကို စိတ်ရှုပ်အပင်ပန်းမခံစေချင်လို့ ဒီစိတ်ရောဂါကို ပျောက်ကင်းစေချင်တာ သားစိတ်ရင်းအမှန်ပါမား။ သား အရင်အကွဲခံပြီး Yoကို ကုသမှုခံယူဖို့ ဖျောင်းဖျခဲ့တာပါ။ သားကို Yo ဘယ်တော့မှ မမှတ်မိတော့ဘူး ဆိုရင်တောင်... အဝေးတစ်နေရာကနေ သူ့ဘဝလေး အဓိပ္ပာယ်ရှိရှိ ရှင်သန်နေတာကို မြင်နေရရင်ပဲ ကျေနပ်ပါတယ်ဆိုတဲ့စိတ်နဲ့ Yoကို စွန့်လွှတ်ဖို့ စိတ်ကိုပြင်ဆင်ထားတာပါ မားရယ်..

မား-- မား နားလည်ပါတယ်။ Yoလေးအပေါ်ထားတဲ့ သားရဲ့မေတ္တာကို မားမြင်နိုင်ပါတယ်။ ဒါပေမယ့် မား သားကိုအပြစ်မတင်ပါဘူး။ Yoလေးကို အနစ်နာခံပြီး ဒီအချိန်ထိ စောင့်ရှောက်ပေးတဲ့သားအတွက် နာကျင်မှုတွေပဲ ပေးမိသလို ဖြစ်မှာစိုးတယ်။ ဒါကြောင့် သားသာ လက်တွဲဖော်အနေနဲ့ တခြားတစ်ယောက်ကို ရွေးချယ်ဖို့ စိတ်ကူးနေတယ်ဆိုလဲ မားစိတ်မဆိုးပါဘူး။  ဒီလောက်ထိ Yoလေးရဲ့အခြေအနေတွေ တည်ငြိမ်လာအောင် ဂရုစိုက်ပေးရုံနဲ့တင်သားကို ကျေးဇူးတင်မဆုံး နိုင်တာပါ။Yoလေးမဟုတ်ဘဲ တခြားရည်ရွယ်ထားတဲ့သူ ရှိမယ်ဆိုရင် မားကိုပွင့်ပွင့်လင်းလင်းရင်ဖွင့်နိုင်ပါတယ်။

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now