Happy Birthday.. Part-2

1.3K 111 33
                                    

Wayo -POV

နေ့လည်စားကို ကျွန်တော်ရယ်... P'Pha ရယ်.. သူ့သူငယ်ချင်းForthရယ်...  အတူစားဖို့ဆိုင်တစ်ဆိုင်ဆီ ရောက်လာကြတယ်။  ဗိုက်ဆာနေတာလဲ ပါသလို အပြင်မှာ မစားရတာကြာပြီဆိုတော့ သူတို့ အလုပ်ကိစ္စ ပြောနေကြတာကို စိတ်မဝင်စားနိုင်ဘဲ ခေါင်းငုံ့ပြီး စားချင်တာတွေစားနေတယ်။ ဒါပေမယ့်လဲ သူတို့ပြောနေတာတွေကို တစွန်းတစ ကြားနေမိတုန်း ပါပဲ။

Pha -- မင်း ငါ့ကို ပြောစရာရှိတယ်ဆိုတာဘာလဲAi Forth..!
Forth --ငါ... Panish Company မှာ Share ဝင်ရင် ကောင်းမလားလို့....
Pha --ဟာ... ကောင်းတာပေါ့.... ဒါနဲ့ အခုမင်းအလုပ်က အဆင်မပြေလို့လား။
Forth -- မဟုတ်ပါဘူး...  ဒီလိုပဲ လုပ်ငန်းချဲ့ထွင်ရင် ကောင်းမလားလို့ပါ။  ပြီးတော့ မင်းကိုယ်တိုင် ဦးစီးပြီးShare ရှင်တွေကို ပြန်ခေါ်တဲ့အကြောင်းကြားတော့ ငါလဲ စိတ်ဝင်စားမိတယ်။  အရင်ကတည်းက မင်းက အလုပ်ကို တိကျပြီး ကတိတည်တဲ့လူစားမျိုးကြောင့် မင်းကိုယုံကြည်ပြီး Share ပြန်ထည့်ဝင်ကြတဲ့ လုပ်ငန်းရှင်တွေရော။  နောက်ထပ် လုပ်ငန်းရှင် အသစ်တွေကပါအဲဒီ့ကိစ္စ ကိုစိတ်ဝင်တစားရှိတာ သတင်းရတော့ ငါလဲ စမ်းကြည့်မလားလို့လေ။

Pha -- ကောင်းတာပေါ့။ တကယ်ပဲ အဲဒါက အကြောင်းပြချက် ဆိုတာ သေချာလား။

Forth --ဟက်... 😏အေးပေါ့ကွ။ ဘယ်လိုလဲ မင်း... ငါ့ကို လက်ခံမှာလား။

Pha -- လက်မခံနိုင်စရာ အကြောင်းမရှိပါဘူးကွာ။
Forth --အေး...  တကယ်တော့Share ကိစ္စကို စိတ်ဝင်စားတာ ငါတစ်ယောက်တည်း မဟုတ်ဘူးကွ။ နောက်ထပ် ငါ့အသိ သုံးလေးယောက်တော့ ရှိသေးတယ်။  အဲဒါ...  မင်းသူတို့နဲ့ တွေ့ပြီး ကိစ္စဖြတ်ဖို့လုပ်ဦး။  မင်းသတင်းကိုကြားတော့ သူတို့လဲ မင်းဆီမှာ စာချုပ် ချုပ်ချင်တယ်ပြောလို့။ မင်းက အဲဒီ့နယ်ပယ်မှာ နာမည်အတော်ကြီးနေတာကိုး....

Pha -- အေး...  ကျေးဇူးပါပဲကွာ။  ငါသူတို့နဲ့ တွေ့ရအောင် မင်းပဲ စီစဉ်ပေးပေါ့။

Forth -- တွေ့မယ်ဆိုရင်တော့ လောလောဆယ် တစ်ယောက်တော့ ဒီကို အခုလာလိမ့်မယ်။
Pha -- ချိန်းထားပြီးပြီပေါ့...!
Forth --အေး။  သူလဲ စိတ်ဝင်စားတယ်ပြောနေလို့ မင်းကို အကျိုးအကြောင်းအရင်မေးတာ။
Pha -- ဟုတ်ပါပြီ။  ခေါ်လိုက်ပေါ့။

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now