D Day 4

1.3K 104 21
                                        

Wayo-POV

Yo--Daddy မတရားဘူး....!!

Mediaတွေ... Shareရှင်တွေ.... စီးပွားရေး သမားတွေ အကုန်လုံးရှေ့မှာ ကျွန်တော့်ကို Company ရဲ့ ဆက်ခံသူပါလို့ ကြေညာပြီး နောက်ပိုင်း ကျွန်တော်အရမ်းစိတ်ပျက်သွားမိတယ်.. ရည်ရွယ်ထားတာတွေ ပျက်စီးကုန်တဲ့တစ်ခဏမှာ တခါမှမော်မကြည့်ရဲခဲ့တဲ့Daddyကို ဒေါသတကြီး ပြန်အော်လိုက်တယ်...Party မပြီးခင် Daddy ရဲ့ရုံးခန်းဆီကိုယ်တိုင်သွားပြီး ပြဿနာ စရှာလိုက်တယ်... Daddy ကတော့ အေးစက်တဲ့ မျက်နှာပေးနဲ့ပဲ တုန့်ပြန်နေတော့ ကျွန်တော် သွေးတွေ ပိုဆူလာတယ်...

Yo--သားတို့ကြားက ကတိတွေကို Daddy ကိုယ်တိုင် ဖျက်ဆီးပစ်တယ်... သားကို အသိမပေးဘဲနဲ့ Daddy လုပ်ချင်ရာလုပ်တယ်.. မတရားဘူး.... Daddyဘက်က ကတိမတည်ရင် သားဘက်ကလဲ Daddyကိုပေးထားတဲ့ကတိကို ပြန်ရုတ်သိမ်းတယ်....

Daddyရဲ့ အေးစက်တဲ့အပြုအမူတွေက ခန့်မှန်းလို့မရအောင် တည်ငြိမ်နေပေမယ့် ကျွန်တော့် ရဲ့ စကားကြောင့် တစ်ချက်ပြန်မော့ကြည့်တယ်....

Seint-- အချိန်အကန့်အသတ်တစ်ခုထိ သားကို Daddy လွတ်လပ်ခွင့်ပေးပြီးပြီ... အရွယ်လဲရောက်လာပြီဖြစ်တဲ့သားအတွက် အခုချိန်မှာ နေရာလွှဲပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ Daddy ထင်တယ်...

Yo--သားဘက်က ဘယ်လိုခံစားရမလဲဆိုတာ Daddy နားလည်ပေးကြည့်ဖူးလား..? သားဒီနေရာရဲ့ အရိုက်အရာကိုဆက်ခံချင်ရဲ့လား ဆိုပြီး သားဆန္ဒကို မေးဖူးလား....? သားရှေ့ဆက် ရမယ့် ဘဝကို သားကိုယ်တိုင်ရွေးချယ်ပိုင်ခွင့် မရှိဘူးလား...? ဘာလို့ အားလုံးကို Daddyစီစဉ်တဲ့အတိုင်း နာခံနေရမှာလဲ...?

Seint-- ဒါ ကံတရားကပေးတဲ့ ကံကြမ္မာပဲ... ငြင်းဆန်ပိုင်ခွင့်မရှိဘူး... သားက Seintyato Panichayasawadd ရဲ့သားတစ်ယောက်အနေနဲ့ မွေးဖွားလာတာ... အဲဒီ့အတွက် ကြိုတင်စီစဉ်ထားတဲ့ လမ်းစဉ်အတိုင်းမလွဲမသွေ နာခံရမှာပဲ...

Yo--မတရားဘူး.... ကျွန်တော့်ဘဝက မတရားဘူး.. အဲဒါတွေက Daddyသားတစ်ယောက်အနေနဲ့ မွေးဖွားလာလို့ ငြင်းပိုင်ခွင့် မရှိဘူးဆိုရင်... သားဘက်က တစ်ခုတည်းပဲ ရွေးချယ်ရတော့မယ်.. အဲဒါက Daddy ရဲ့ သားအဖြစ်ကနေ အပြီးအပိုင် ကျောခိုင်းသွားရုံပဲပေါ့... သားကို Daddyရဲ့ သားလို့ မသတ်မှတ်ပါနဲ့တော့ ပြီးတော့ Daddyရဲ့ အရိုက်အရာကို ဆက်ခံဖို့ စိတ်ကူးမရှိဘူး..... ကတိကို Daddyဘက်က စဖောက်ဖျက်သလို သားဘက်ကလဲ မတည်ပေးနိုင်တော့ဘူး

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now