Courage 💪💪💪

1.2K 91 28
                                    

Pha-POV

Pha -- တကယ့်Video အစစ်ကို ရဲလက်ထဲအပ်ပြီး ပြီလား U Tan...!

U Tan-- အပ်ခဲ့ပြီးပြီ Phana! ဒီအမှုကို မင်းတကယ်ပဲ စီစဉ်မှာလား..!

Pha -- Mr.Seint ကိုယ်တိုင်က ကျွန်တော့်ကို စီရင်ခိုင်းထားတာပါ.. ထိုက်တန်တဲ့ ပြစ်မှုတစ်ခု အပြင်နောင်ကြဉ်အောင်လဲ ဆုံးမရမယ်တဲ့...!Yo ခံစားရတာထက် ပိုပြီးတော့ ပြင်းထန်တဲ့ အပြစ်ဒဏ် ကျအောင်အကောင်းဆုံးကြိုးစားဖို့ ကျွန်တော့်ကို မှာထားတယ်...

U Tan-- တကယ်ပဲ ဒါကိုလုပ်ချင်လို့လား Phana..!

Pha -- ကျွန်တော်လုပ်မယ်..! Yoအပေါ် လူမဆန်စွာ ရက်စက်ခဲ့ကြတဲ့ သူတို့အားလုံးကို အပြင်းထန်ဆုံး ကလဲ့စားချေရမယ်...! သူတို့ဘက်က ဘယ်လိုမှခုခံ အပြစ်ကာလို့မရအောင်ကို အတတ်နိုင်ဆုံး ကြိုးစားပြီး ဒဏ်ခတ်မယ်...

U Tan-- နဂိုက ဒီလိုကလဲ့စားချေတတ်တဲ့ စရိုက်မျိုး မင်းမှာ မရှိခဲ့ဖူးပါဘူး Phana...! အခုချိန်မှာ ရက်စက်တတ်မယ့်စိတ်မျိုး ရှိလာပြီလား...

Pha -- ကျွန်တော် မရက်စက်လို့ရမလားU Tan..! ကျွန်တော့်ကို ထိခိုက်အောင် လုပ်မိရင်တောင် ကျွန်တော် သည်းခံနိုင်လိမ့်မယ်... Yoကိုတော့... နည်းနည်းလေးတောင် အပွန်းပဲ့ မခံနိုင်ဘူး... အခုလို တွေအထိ Yoအပေါ်နာကျင်အောင်လုပ်ခဲ့ပြီးမှတော့ ကျွန်တော့်ဆီက ခွင့်လွှတ်မှုကို သူတို့တွေ ရမယ်ထင်လို့လား...!

U Tan-- ကောင်းပြီလေ...! သခင်လေးကို လိမ်ညာထားတဲ့ကိစ္စကိုရော ဘယ်လိုလုပ်မှာလဲ Phana ..! အမြဲတမ်း အမှန်တရားကို ဖုံးကွယ်ထားလို့ ရနိုင်လို့လား...!

Pha -- အခုချိန်မှာ အရေးကြီးဆုံးက Yo စိတ်အခြေအနေ ပြန်အတည်တကျ ဖြစ်ဖို့လိုတယ်.. တခြားကိစ္စတွေကို မတွေးကြည့်သေးတာ ကောင်းမယ် ထင်တယ်.. Yoရော အားလုံးပါ အဆင်ပြေစေမယ့် နည်းလမ်းက အတိတ်တွေကို မေ့ပစ်လိုက်တာပါပဲ... ဒီကိစ္စကိုU Tan နဲ့ကျွန်တော့် ကြားမှာပဲ လျို့ဝှက်ထားတာ အကောင်းဆုံးပဲ..! ဘယ်သူ့ဆီမှ မပေါက်ကြားစေချင်ဘူး..

U Tan -- အစစအရာရာ သတိတော့ထားပါPhana သခင်လေးသာ လျို့ဝှက်ချက်ကို သိသွားရင် အရင်အခြေအနေထက် ပိုမဆိုးလာနိုင်ဘူးလို့ မပြောနိုင်ဘူး...!

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now