Wayo - POV
Pha-- Yo…!!
P'Pha ရုတ်တရတ်ခေါ်သံကြောင့် ကျွန်တော် လန့်သွားတယ်…
Yo-- ဗျ… ဗျာ…!
Pha-- ဘာတွေတွေးနေတာလဲ ? တစ်လမ်းလုံးလဲ ငြိမ်နေပါလား…?
Yo-- သြော်… ဒီလိုပါပဲ… အာ… Ming ကြောင့်ပါ… သူက အခု အချစ်ရေးအဆင်မပြေဘူးလေ…အဲဒါ…
ကျွန်တော်လဲ ပါးစပ်ထဲရှိရာ ပြောရင်း လိမ်လိုက်မိတယ်…
Pha-- P'နားလည်ပါတယ်…! P'ကိုယ်ချင်းစာလို့ ရပါတယ်… Ming ဆီ P'တို့ သွားကြမလား?
Yo-- အာ… အခု သူ တစ်ယောက်တည်းပဲ နေချင်မှာပါ…! ကိစ္စမရှိပါဘူး…!
P'Phaက သက်ပြင်းတိုလေး တစ်ခုချပြီး ကျွန်တော့်ကို ကြည့်လိုက်တယ်…
Pha-- Yo…!
Yo-- ဟင်?Pha-- Yo ကို အမှန်တိုင်းပြောစရာရှိတယ်…! ဒီနေ့မနက်က ဆုံတဲ့ သူကို မှတ်မိတယ် မှတ်လား Yo!
Yo-- အင်း…!
Pha-- သူက Company Chairmanရဲ့ အတွင်းရေးမှူးလေ! ပြီးတော့ သူက P'ရဲ့ ဦးလေး တော်တယ်…! ဒါပေမယ့် Companyမှာဆိုရင် ဆက်နွယ်မှုကို ဦးစားမပေးဘဲ ပြောဆိုရတာမို့လို့ ဒီနေ့ မိတ်မဆက်ပေးလိုက်ရတာ!P'Pha ပြောတဲ့ စကားကို ကျွန်တော် သေချာ နားထောင်နေမိတယ်… သူ ကျွန်တော့်ကို ဖုန်းကွယ်ထားချင်တာ မဟုတ်ဘဲ…အမှန်တိုင်း ပြောပြဖို့ အချိန်ယူနေခဲ့တာပါ… ကျွန်တော်ကရော… ဖွင့်ပြောသင့်ပြီလား…?
Pha-- ကိုယ်က လေးစားရပြီး ကိုယ့်ရဲ့အုပ်ထိန်းသူ အနေနဲ့ ရှိနေတဲ့ U Tan ကို Yoနဲ့ မိတ်ဆက်ပေးပြီး P'ရဲ့ ချစ်သူအဖြစ် ဖွင့်ပြောချင်တာ…! ဒါပေမယ့် Yoကို အသိမပေးရသေးလို့ ဒီနေ့ ဖွင့်မပြောဖြစ်တာ!
သေစမ်း! တော်သေးတယ်… P'Phaသာ သူ့စိတ်ကူးအတိုင်း လုပ်ဖြစ်ခဲ့ရင် ကျွန်တော်တော့ ခေါင်းခဲပြီ…
Yo-- P'Pha…! ကျွန်တော် ထင်တာတော့… ကျွန်တော်တို့ ကိစ္စကို ခဏလောက် လျို့ဝှက်ထားရင် ကောင်းမယ်…!
Pha-- ဘာဖြစ်လို့လဲYo…?
မျက်မှောင်ကြုတ်ရင်း မေးလိုက်တဲ့ P'Phaကြောင့် ကျွန်တော် သူ့ကို အထင်လွဲမှာလဲ ကြောက်မိတယ်…

ESTÁS LEYENDO
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...