Same 2 you

1.7K 138 10
                                    

Pha- POV

မနေ့က Wayo အစောကြီးပြန်သွားတယ်… အဲဒီ့ညက ကျွန်တော် တညလုံးစဉ်းစားနေမိတာ… Yoက ကျွန်တော့်ကို ဂရုတစိုက်ရှိသလို နွေးထွေးတယ်… သာမန်မိတ်ဆွေဆိုတာထက်တော့ ကျွန်တော့်အပေါ် ပိုကောင်းပိုလိမ့်မယ်လို့ တွက်ထားမိတယ်… Yoနဲ့ Ming ကြားက ဆက်နွယ်မှုကလဲ ကျွန်တော့်အတွက် အဟန့်အတား တစ်ခုလို နှောင့်နှေးစေခဲ့ပေမယ့် ကျွန်တော့်အနားကို အချိန်မှန် ပြန်ရောက်လာတဲ့ Yoကြောင့် ယုံကြည်ချက်တွေ မြင့်တက်လာတယ်… ကျွန်တော်သာ သူ့ကို ဖွင့်ပြောမယ်ဆိုရင် … သူစိတ်ဆိုးမှာ မဟုတ်ဘူး ထင်တာပဲ… သူ့အပေါ် မရိုးသားတဲ့စိတ်နဲ့ နေရတာကြာတော့ မွန်းကြပ်လာပါတယ်… ကျွန်တော် သတ္တိရှိမှ ဖြစ်တော့မယ်… Yoကျွန်တော့် ခံစားချက်ကို သိရင်ပဲ ကျေနပ်ပါပြီ… အမြဲစိုးရိမ်နေကျဖြစ်တဲ့ Yo ကျွန်တော့်အပေါ် အထင်လွဲပြီး ရှောင်နေမှာကိုလဲ စိုးရိမ်မိပေမယ့် မတတ်နိုင်တော့ပါ … တစ်နေ့တခြား တိုးလာတဲ့ ရင်ခုန်သံတွေနဲ့အချစ်တွေဟာ Yo ကို မြင်တိုင်း ပိုလို့တောင် ဆိုးဆိုးရွားရွား ခံရခက်စေပါတယ်… အဲဒီ့ညက ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ကိစ္စတွေ အားလုံးဖြေရှင်းပြီးတဲ့အခါ Yoကို တရားဝင်ဖွင့်ပြောဖို့ ရည်ရွယ်ခဲ့တယ်…

မနက်ခင်းမှာ အားအင်တွေနဲ့နိုးထလာပြီး ရင်ခုန်သံနဲ့ ထပ်တူ အနီးဆုံးရှိတဲ့သူကို သတိရမိတယ်… ထုံးစံအတိုင်း မနက်စာလေးယူလာပြီး အပြုံးတွေ ဝေဆာနေတဲ့ မျက်နှာနဲ့ ကျွန်တော့်ဆီတန်းတန်း မတ်မတ်ကြီး ရောက်လာပြန်တယ်…

အလိုက်သင့်လေး ပြုံးပြီး မနက်စာစားရင်း စကားစမြည်ပြောဖြစ်ပေမယ့် ကျွန်တော့်စိတ်ထဲမှာ ဖွင့်ပြောဖို့ ကိစ္စပဲ အရှိန်ယူရင်း အချိန်တစ်ခုကို စောင့်နေမိတယ်… အလုပ်ကိုယ်စီလုပ်ရင်း အချိန်တွေ ကုန်လွန်လာပေမယ့် ကျွန်တော် သူ့ကိုပဲ လှမ်းကြည့်နေမိတယ်… ညနေရောက်တော့ ကျွန်တော့်ကို U Tanက ခေါ်လို့ သွားရဦးမယ်… သက်ပြင်းလေး အသာချပြီး စားပွဲကနေ ထလိုက်တယ်… U Tan ရှိတဲ့ ခေါင်မိုးထပ်ဆီ ဘယ်သူမှ မသိအောင် သွားနေရင်း စိတ်တွေ လေးလံလာတယ်… ဖေဖေ မရှိတဲ့နောက် U Tan က ကျွန်တော့်ကို အမြဲတမ်း ပဲ့ပြင်ဆုံးမ တတ်ပါတယ်… ဦးလေး အရင်းတစ်ယောက်ဆိုပေမယ့် Companyမှာဆို မျက်လုံးချင်းတောင် မဆုံဖြစ်ဘဲ မနှုတ်ဆက်ဖြစ်ပါဘူး… ကျွန်တော့်ကို အမြဲတမ်း စောင့်ကြည့်ပြီး လိုအပ်ရင် ဆုံးမတတ်တဲ့ U Tan ကြောင့်… ဒီလို အခေါ်လွှတ်လိုက်တယ်ဆိုတာ ကျွန်တော့်ကို ပြောစရာရှိလို့ပဲဆိုတာ သေချာပါတယ်… ခေါင်မိုးဆီရောက်တော့ ထင်တဲ့အတိုင်း အဆူခံရပါတယ်… ကျွန်တော့်အပေါ် မျှော်လင့်ထားတဲ့အတိုင်း လမ်းမလွဲစေဖို့ ဖိအားပေး ပြောဆိုခဲ့တယ်… ကျွန်တော်လဲ ကတိတွေပေးခဲ့ရင်း အဲဒီ့နေရာကနေ ထွက်လာခဲ့တယ်… ပြီးတော့ ကျွန်တော် ရုံးခန်းထဲပြန်ရောက်တော့ အကျင့်ပါနေကျ အတိုင်း Yo ရဲ့ စားပွဲကို လှမ်းကြည့်လိုက်ပေမယ့် Yo ရှိမနေပါ… ဒါနဲ့ ဘေးက Happyကို မေးလိုက်တယ်…

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Donde viven las historias. Descúbrelo ahora