The Choice 🚶🚶

1.5K 104 29
                                    


Pha-POV

နာကျင်စွာ ညည်းညူသံကိုကြားတော့ ဘေးနားမှာ စောင်းအိပ်နေတဲ့Yoကို ငဲ့ကြည့်လိုက်တယ်... ကျွန်တော့် အင်္ကျီကို တင်းတင်းဆုပ်ရင်း ချွေးစေးတွေ ပြန်နေတဲ့ သူ့နဖူးကို သုတ်ပေးလိုက်တော့ ပူနွေးနေတဲ့ အထိအတွေ့ကို ခံစားမိလိုက်တယ်..သေချာ စမ်းသပ် ကြည့်တော့လဲ ကိုယ်တွေပူနွေးနေတာကို သတိထားမိတော့ ကျွန်တော် စိတ်ပူသွားမိတယ်... တစ်ကိုယ်လုံး ချွေးစေးတွေနဲ့ ပူခြစ်နေတဲ့ အပူချိန်ကြောင့် ဒီကလေး ဖျားနေတာပဲလို့ တွေးမိရင်း ရင်ပူလာမိတယ်...

Pha--Yo... ကိုယ်တွေပူနေပါလား... ကိုယ်တို့ ဆေးရုံသွားရအောင်.....

ကျွန်တော့်စကားသံကို မကြားသလို အိပ်မောကျနေတဲ့ Yoကို မနှိုးချင်တော့တာနဲ့ နဖူးကို ရေခဲအုံပေးဖို့ စိတ်ကူးရင်း ကုတင်ပေါ်က ထလိုက်တယ်....

Yo--အင်း.....

ကျွန်တော့်အင်္ကျီကို ဆုပ်ကိုင်ထားတဲ့ လက်ကို Yoက လွှတ်မပေးဘဲ အတင်းပြန်ဆွဲရင်း အိပ်နေရာကနေ ညည်းညူလိုက်တယ်... ကျွန်တော် ဖြေးဖြေးချင်း သူ့လက်ကိုဖြေဖို့ ကြိုးစားပေမယ့် လွှတ်မပေးပါ...

Pha-- Yo.... ခဏလွှတ်ပါဦး... ကိုယ်Yoကို ရေခဲအုံပေး မလို့....

Yoတစ်ယောက် နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့...

Yo--မသွားပါနဲ့...P'Pha.... ကျွန်တော့်ကို ထားမသွားပါနဲ့....

ကျွန်တော် စိတ်ထဲနားလည်သွားမိတယ်...Yo.. ကျွန်တော့်ကို သူ့နားက ထွက်သွားမှာကို စိုးကြောက် နေတုန်းပဲဆိုတာ ကျွန်တော်သိပါတယ်...

Pha -- ကိုယ်Yoကို မထားခဲ့ပါဘူး...အခု Yoကို ရေခဲအုံပေးဖို့ ခဏလေးလွှတ်ပေးနော်...

ကျွန်တော် သူ့လက်ကို ညင်သာစွာ ဖြေလွှတ်ရင်း ကုတင်ပေါ်က ဖြေးဖြေးချင်းထသွားလိုက်တယ်...

Yo--P'Pha...... P'Pha.....

ဒီကလေးတော့.....😟😟😟

ကျွန်တော် အနားမှာ မရှိတာနဲ့ Yo တစ်ယောက် ကျွန်တော့်နာမည်ကို အော်ခေါ်နေတော့တယ်....
လုပ်စရာရှိတာကို အမြန်လုပ်ရင်း ရေခဲအုံပေးဖို့ ပြင်ဆင်လိုက်တယ်... သူ့နားကို ကျွန်တော် ပြန်မရောက်မချင်း ကျွန်တော့်နာမည်ကို သူ ဆက်တိုက် အော်ခေါ်နေတုန်းပါပဲ....

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Место, где живут истории. Откройте их для себя