Wayo-POV
ဟန်မပျက် ရုံးခန်းထဲဝင်ထိုင်ရင်း P'Phaရဲ့ ရုံးခန်း ကို လှမ်းကြည့်လိုက်မိတယ်... ဖုန်းကိုကိုင်ရင်း စကားပြောနေရာမှ ကျွန်တော့်ကို မြင်တော့ ဖုန်းကို အလောတကြီး ချလိုက်တယ်... ပြီးမှ အပေါ်ယံအပြုံးတစ်ခု လှမ်းပေးလိုက်တော့ ကျွန်တော် မသိချင်ယောင်ဆောင်ပြီး... ကိုယ်ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်... တင်းကြပ်ပူလောင်နေတဲ့ စိတ်တွေနဲ့ သံသယ တွေကို ကျွန်တော်သတ်နေသလိုပါပဲ...P'Forthကတော့ သူ့သူငယ်ချင်းဘက်က အတတ်နိုင်ဆုံးနေပြီး ကာကွယ်ပြောဆိုနေတတ်ပေမယ့် ထူးဆန်းလာတဲ့ P'Phaအမူအယာတွေကြောင့် ကျွန်တော် စိတ်မပျက်ဘဲ မနေနိုင်..... စိုးကြောက်နေမိတယ်ဆို ရင် ပိုမှန်တယ်လို့တော့ ပြောရမယ်....
အိတ်ထဲက တုန်ခါသံကြောင့် ဖုန်းလာနေတာကို သိပြီး ကိုင်လိုက်တယ်...
Yo--Hello...!
U Tan-- သခင်လေး... Chairman က အိမ်ကိုပြန်လာဖို့ ပြောခိုင်းလိုက်လို့ပါ...
Yo--ကျွန်တော် ဒီညပြန်လာခဲ့ပါ့မယ်လို့ ပြောပေးပါ..
U Tan--ဟုတ်ကဲ့ပါ သခင်လေး...
ဖုန်းကိုချပြီး လေပူတစ်ချို့ မှုတ်ထုတ်လိုက်တယ်... နောက်တော့ ဖုန်းမြည်သံ ထပ်ကြားရပြန်တယ်... ကျွန်တော်လဲ လေးတိလေးကန်နဲ့ ဖုန်းကို ဘောင်းဘီအိတ်ထဲက ပြန်ထုတ်ရင်း နံပါတ် မကြည့်ဘဲ ကောက်ကိုင်လိုက်တယ်...
Yo--ဘာဖြစ်ရပြန်ပြီလဲ....?
".............!!"
Yo-- ဘာကိစ္စလဲလို့.......?
Pha-- ကိုယ်ပါ Yo.......
စိတ်ရှုပ်ရှုပ်နဲ့ မကြည်မလင် အော်မေးလိုက်တယ်. နောက်တော့ P'Phaရဲ့ တိုးညှင်းတဲ့ အသံကြား တော့မှ ကျွန်တော် အကြောလေးတွေ ကျဉ်သွားသလို ခံစားမိပြီး ခေါင်းလေး ထောင်ကြည့်လိုက်မိတယ်...
Pha--ကိုယ့်ရုံးခန်းထဲ ခဏလာပေးပါလား Yo....
ဆိုတဲ့ တခွန်းပြောပြီး P'Phaဖုန်းချသွားတယ်... ခေါင်းကုတ်ရင်း လေးကန်တဲ့ ခြေလှမ်းတွေကို P'Phaရုံးခန်းဆီ ဦးတည်လိုက်တယ်... တံခါးကို တွန်းဖွင့်ရင်း ဝင်လာတော့ .... P'Pha ကကျွန်တော့် နားကိုလျှောက်လာတယ်...
YOU ARE READING
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...