Defeat 😎😎😎

1.4K 125 11
                                        

Wayo- POV

နေ့စဉ်နဲ့အမျှ P'Phaနားမှာ ရှိနေခွင့်လေး ရဖို့ကိုပဲ တောင့်တမိတာပါ… ရင်ဆိုင်ရမယ်ဆိုတဲ့ အခက်အခဲတွေ… အတားအဆီးတွေက အရှေ့မှာ ကျွန်တော်တို့ကို ကြိုစောင့်နေမယ်ဆိုတာ သိလဲပဲ… အားလုံးကို စိုးရိမ်ပြီး တွေးပူနေမယ့်အစား အချိန်ခဏတော့ မေ့ဖျောက်ထားပြီး P'Pha မျက်နှာကို ငေးကြည့်နေချင်မိတာပါ… ကျွန်တော့်ကံ ကိုက ဆိုးလွန်းပါတယ်… P'Pha နဲ့ခွဲရတာ တစ်ရက်နဲ့ တစ်ပိုင်းပဲ ရှိသေးတယ်… ကျွန်တော် လွမ်းရတာ သေတော့မယ်… ကျွန်တော် ရှိနေတဲ့ နေရာတိုင်းမှာ P'Pha အရိပ်တွေကို မြင်ယောင် နေမိပြီး အချိန်တိုင်း သတိရနေမိတယ်… ဖုန်းဆက်ကြည့်တော့လဲ P'Pha မအားသေးတာ နဲ့စကားပြောခွင့် မရနိုင်သေးဘူး…

တစ်နေ့လုံး ဖုန်းတကိုင်ကိုင်နဲ့ စိတ်က P'Pha ဆီပဲ ရောက်နေမိတယ်… ကျွန်တော့်ဆီကို ဖုန်း တစ်ခါမှ မဆက်သေးတဲ့ P'Phaကြောင့် ကျွန်တော် အတွေးတွေ လွန်နေမိတယ်… ကျွန်တော် မပေးနိုင်သေးတဲ့ သာယာမှုတွေကို P'Phaအတွက် စေတနာရေစီးကမ်းပြိုလိုက်အောင် ပေးနိုင်မယ့်သူတွေက P'Pha နားမှာ မရေတွက်နိုင်အောင် ရှိနေမှာပါ… ကျွန်တော်က P'Phaအတွက် အရာရာတိုင်းကို မပေးနိုင်ပေမယ့် ကျွန်တော် ပိုင်ဆိုင်တဲ့ အရာတိုင်းကိုတော့ အကုန် ပေးဆပ်နိုင်ပါတယ်… P'Phaကို စိတ်မချဖြစ်မိတာက သူ့ကို မယုံလို့ မဟုတ်ပါဘူး… ကံကြမ္မာက တခါတလေ ရက်စက်လွန်းပါတယ်… ကျွန်တော့်လက်ထဲကP'Phaကို လုယူသွားမယ့် ကံကြမ္မာကို ရင်ဆိုင်ရမှာ ကြောက်မိပါတယ်…

သူ့စားပွဲကို လှမ်းကြည့်မိတော့လဲ သူ့အရိပ်တွေ မြင်ယောင်နေမိပါတယ်… မနက်စာ အတူစားနေကျ ဆိုင်နားကဖြတ်သွားတိုင်းလဲ P'Phaကို လွမ်းနေကျ… တစ်ပါတ်ဆိုတဲ့ အချိန်ကကြာလွန်း တယ်လို့ ထင်ရပါတယ် အခုမှ ရက်ပိုင်းတောင် မရှိသေးဘူး ကျွန်တော့်မှာ လွမ်းနာကျနေမိပြီ… Singaporeကိုလိုက်သွားရင် ကောင်းမလား… မဖြစ် သေးပါဘူး…

📲📲📲📲📲📲📲📲📲📲📲📲📲📲📲

ဖုန်းသံကြားတာနဲ့ ဝမ်းသာတကြီး ဖုန်းကို ကောက်ကိုင်ကြည့်လိုက်တော့ မြင်ရတဲ့ ဖုန်းနံပါတ်ကြောင့် စိတ်ညစ်သွားမိတယ်… ကျွန်တော် မျှော်နေတဲ့သူဆီက မဟုတ်ဘဲ U Tan ဆီက ဖုန်းဖြစ်နေလို့ပါ… စိတ်မပါဘဲ ဖုန်းထူးလိုက်တယ်…

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now