Apart.....👣👣👣

1.2K 107 17
                                        

Wayo-POV

ကျွန်တော် Daddyနဲ့စကားပြောပြီး ပြန်တဲ့လမ်းမှာ... U Tanနဲ့ ဆုံတယ်...

U Tan -- ကျွန်တော် သခင်လေးကို ခဏလောက် စကားပြောခွင့် ရနိုင်မလား...

Yo-- ဘာကိစ္စလဲ...
Tan-- Phanaကိစ္စပါ သခင်လေး....

Yo--ကောင်းပြီ..

ကျွန်တော်တို့ UTanရဲ့ ရုံးခန်းဆီ သွားပြီး သီးသန့် စကားပြောကြတယ်...

UTan-- ကျွန်တော် သခင်လေးကို တစ်ခုလောက် တောင်းဆိုပါရစေ...

Yo-- ဘာကိုလဲ....

UTan-- Phanaကို Chairman Mr.Seintနဲ့ ထိပ်တိုက် မရင်ဆိုင်စေချင်ဘူးသခင်လေး... သခင်လေးနဲ့ Phana တို့ကြားမှာဘယ်လို ကိစ္စတွေပဲရှိရှိ Phana ကို ထိခိုက်စေမယ့် အဖြစ်မျိုး ကိုတော့ ရူးရူးမိုက်မိုက် ဆက်မလုပ်စေချင်ဘူး... ရင်ဆိုင် ယှဉ်ပြိုင်လို့ မရတဲ့ အခက်အခဲ အတားအဆီး ဆိုတာသိပြီး Phanaကို နောက်ဆုတ် စေချင်ခဲ့ပေမယ့်.... ခေါင်းမာလွန်းတဲ့ Phana ကြောင့် ကျွန်တော် စိတ်ပူနေမိပါတယ်... ဖြစ်နိုင်ရင်... သခင်လေးဘက်ကပဲ... လက်လျော့ ပေးစေချင်တယ်...သခင်လေးရဲ့ Daddy အကြောင်းကို အားလုံးထက် သခင်လေးက ပိုပြီး သိမှာပါ.... အဖြစ်မှန်ကို သခင်ကြီး သိသွားခဲ့ရင် Phanaအတွက် အသက်အန္တာရာယ်အထိ စိုးရိမ်ရတယ် ဆိုတာ... သခင်လေး သိမှာပါ...

Yo--ကျွန်တော့်ဘက်က လုံးဝ လက်မလျော့ နိုင်ပါဘူး... P'Pha ကို ကျွန်တော်ကိုယ်တိုင် ကာကွယ်ပေးသွားမှာ....

UTan-- သခင်လေး..... Phana ရဲ့ အုပ်ထိန်းသူ အနေနဲ့ ကျွန်တော် တောင်းပန်ပါရစေ.... Phanaကို ဒီပြဿနာထဲ မဝင်လာစေချင်ဘူး... သခင်လေးနဲ့ သခင်ကြီးကြားက အားပြိုင်တဲ့တဲ့ပွဲမှာ Phanaကို အဓိက ခေါင်းစဉ်နဲ့ ပတ်သတ်တာမျိုး မဖြစ်စေချင်ပါဘူး.. သခင်လေး... ကျွန်တော့်ရဲ့ တစ်ဦးတည်းသော .သွေးသား တစ်ယောက်ကို ထိခိုက်စေမှာ မကြည့်ရက်လို့ပါ...

ကျွန်တော် တိတ်ဆိတ်ပြီး ဆွံ့အ သွားမိတယ်... UTanရဲ့ အရင်ကထက်ပို သတ္တိထားပြီး ကျွန်တော့်ကို ပြောရဲ...အခွင့်တောင်းစကား ဆိုရဲတာကို သတိထားမိသလို... P'Pha အပေါ် တကယ် စိုးရိမ်မိလို့ ပြောနေတယ်ဆိုတာ ကျွန်တော် နားလည်မိပါတယ်.. အဲဒါကို အသိအမှတ်ပြုချင် ပေမယ့် ကျွန်တော်တို့ကြားက သံယောဇဉ်ကို ဖြတ်ပစ်ချင်တိုင်း ဖြတ်ဖို့မှ မလွယ်တာ... Daddy အကြောင်းကို ကောင်းကောင်းသိတဲ့ အတွင်းရေးမှုး တစ်ယောက်အနေနဲ့ နှစ်များစွာ Daddyနားမှာ အလုပ်လုပ်နေတဲ့UTanက Daddy သာ.. ကိစ္စအမှန်တွေ သိလာရင် ဘယ်လောက်ထိ မိုးမီးလောင် နိုင်လဲဆိုတာ သူအသိဆုံးဖြစ်တာမို့ ကျွန်တော်တို့ကို တားဆီးချင်တာပါ... ကျွန်တော် ကိုယ်တိုင် P'Pha ကို Daddyဆီက ကျရောက် လာနိုင်မယ့် အန္တာရာယ်တွေကို ကာကွယ်ပေးနိုင် တယ်လို့ ခေါင်းမာနေပေမယ့် တကယ်ရော... ကျွန်တော် P'Pha ကိုကာကွယ်နိုင်ပါ့မလားဆိုပြီးလဲ ဝေခွဲမရ ဖြစ်မိပါတယ်...

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Onde histórias criam vida. Descubra agora