Ming-POV
နာကျင်စေမိမှန်း သိပေမယ့် ရှေ့တိုးလို့ မရသလို နောက်ဆုတ်လို့လဲ မရနိုင်တော့ဘူး Sweety... ငါ့ကို မုန်းမယ်ဆိုရင်တောင် မတားပါဘူး.
အခန်းတံခါးကို ဖွင့်ရင်း စိတ်ကိုပြင်ဆင်လိုက်တယ်. သက်ပြင်းတစ်ချက်မှုတ်ထုတ်ပြီး အခန်းထဲဝင်လာ မိတယ်. သိမ်းဆည်းထားတဲ့ အထုပ်အပိုးတွေကို မြင်တော့ စိတ်မကောင်းဖြစ်မိပါတယ်. ငါ တကယ်ကို ပြတ်သားခဲ့တဲ့အတွက် ခွင့်မလွှတ်ချင်လဲ ရပါတယ်.. Sweety...
Ming--Sweety......!!
ကျွန်တော် သူ့ကိုအော်ခေါ်လိုက်ပေမယ့် ပြန်ထူးသံ မကြားရပါဘူး. ဘယ်သွားနေတာလဲ မသိပါဘူး. နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ် သူ့ကို ကျွန်တော် ကိုယ်တိုင် တောင်းပန်ရင်း သူထွက်သွားမှာကို လိုက်ပို့ပေးချင်သူက ကျွန်တော်ပဲ ဖြစ်စေချင်ပါတယ်... ငါနင့်ကို အရင်ကတည်းက မမုန်းခဲ့ပါဘူးSweety.... အချစ်ဆိုတာကို တန်ဖိုး မထားတတ်ဘဲ ကစားစရာလိုသတ်မှတ်ထားတဲ့ ငါ့ကို လက်တွဲဖော်အဖြစ် မရွေးချယ်ရဲခဲ့တဲ့ နင့်ဆုံးဖြတ်ချက်က မှန်ပါတယ်... အခုချိန်မှ အချစ်ဆိုတာကို နားလည်နိုင်ခဲ့ပေမယ့် အဲဒီ့ အချစ်တွေက နင့်အတွက် မဟုတ်ခဲ့ဘူးSweety.. ဒါပေမယ့် ... နင်က ငါ့အတွက်... အမြဲ မိတ်ဆွေကောင်း တစ်ယောက်ပါပဲ....
Ming--Sweety.....!
ကျွန်တော့် အိပ်ခန်းတံခါးကို ဆွဲဖွင့်ပြီး ရှာကြည့်မိတော့.... အိပ်ရာပေါ်လှဲနေတဲ့ သူမကို တွေ့သွားတော့မှ စိတ်အေးသွားမိတယ်.. ကုတင်အစပ်နားမှာ ဝင်ထိုင်ရင်း သူ့ပခုံးလေးကို လှုပ်နှိုးလိုက်တယ်...
Ming--Sweety....!! အိပ်နေတာလား....? မနေ့က ငါတောင်းပန်ပါတယ်... ငါပြောတာ လွန်သွားလား မသိဘူး.... ငါ.... မရည်ရွယ်ပါဘူး... အဲဒီ့နေရာကို နင်မရောက်လာခဲ့ဘူးလို့ ထင်ခဲ့မိတယ်... အဲဒီ့တုန်းက လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ခဲ့ပေမယ့် မနေ့ကတော့ ငါ.... နင့်ကို ငါ့နားမှာ နင့်အတွက် နေရာမရှိတော့ဘူးလို့ ပြောခဲ့မိတယ်.... ငါ.... ငါက တကယ် မကောင်းတဲ့ကောင်ပါ.... တောင်းပန်ပါတယ် Sweety.....
ကျွန်တော် စိတ်ရင်းနဲ့ တောင်းပန်လိုက်ပေမယ့် Sweetyကျွန်တော့်ကို ကျောခိုင်းထားရာကနေ လှည့်မကြည့်ပါဘူး... သူ တကယ်ပဲ... စိတ်နာသွား ပြီလား.... ဆိုတဲ့ အတွေးနဲ့ စိတ်မကောင်းဖြစ်မိသွား တယ်... ဒါပေမယ့် သူကျေနပ်တဲ့အထိ တောင်းပန်ဖို့ အားခဲလိုက်တယ်...

ESTÁS LEYENDO
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanficThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...