Tear and secret

1.4K 98 17
                                    

လမင်းတစ်စင်းရဲ့ကောင်းကင်

Pha-POV

စိတ်ပင်ပန်းမှုတွေနဲ့ ဖိစီးမှုဒဏ်တွေရဲ့အဝေးကို ပြေးထွက်ချင်ပေမယ့် တာဝန်ယူပေးထားတဲ့ အလုပ်တွေက ရှိသေးတယ်...... အချိန်တွေကုန် ဆုံးလာတာနဲ့အမျှ ကျွန်တော့်ရင်ထဲက လွမ်းစိတ်တွေက ကျွန်တော့်ကို ပိုပို နှိပ်စက် နေကြပြီ... ဖုန်းဆက်ပြီးအလွမ်းဖြေအသံလေး ကြားချင်ပေမယ့် Yo အသံကိုသာကြားရင် ချက်ချင်း ပြန်လာချင်မိမှာမို့လို့ တော်တော်လေး သည်းခံရင်း အလုပ်တစ်ခုထဲကိုပဲ အာရုံစိုက်ခဲ့တယ်. သူလဲ ကျွန်တော့်လိုပဲ လွမ်းနေမှာပဲလို့ ဖြေသိမ့်ရင်း နေ့ရက်တွေကို ရေတွက်ခဲ့ရတယ်.. ကိစ္စအားလုံးပြီးလို့ အခွင့်ရတာနဲ့ ပြန်ဖို့ပြင်ခဲ့ပေမယ့် မထင်မှတ်တဲ့ ကိစ္စတွေဖြစ်လာလို့ အချိန်ပိုကြာသွားခဲ့တယ်.. Yoကိုလွမ်းတဲ့ စိတ်ကြောင့် အိပ်ရေးပျက်ခဲ့တဲ့ညတွေကို အများကြီး ပိုင်ဆိုင်ခဲ့ရဖူးပါတယ်.. သူမသိနိုင်တဲ့ အလွမ်းတွေနဲ့ သူ့အနားကို ပြန်လာခွင့်ရမယ့်နေ့ကိုပဲ စောင့်စားနေခဲ့ရတာပါ.....

ရူးရမတတ် သူ့မျက်နှာလေးကို မြင်ချင်လွန်းလို့ အပြေးလေးပြန်လာခဲ့တယ်. ကျွန်တော့်ကို ရင်ဖွင့်ကြိုနေမယ့် ချစ်ရသူတစ်ယောက် ဆီးကြိုနေမယ်လို့ထင်တဲ့အတွေးနဲ့ ပြန်ရောက် လာခဲ့ပေမယ့် Yoက ရှိမနေပါ.. တိတ်ဆိတ်နေတဲ့ ရုံးခန်းထဲကို ဝင်လာမိတော့ ဘယ်သူမှ ရှိမနေပါဘူး.. တင်းကြပ်လာတဲ့ ခံစားချက်တွေနဲ့ ကျဆင်းသွားတဲ့ စိတ်ဓါတ်တွေက ကျွန်တော့်နှလုံးသားကို သွေးတိုး ရိုက်ခတ်နေပါတယ်. ရုံးခန်းထဲ အရိပ်တစ်ခုဝင်လာပေမယ့် Yoမဟုတ်မှန်း သိရတော့ စိတ်ပျက်သွားမိတယ်....

Happy--P'Pha!!! ပြန်ရောက်ပြီလား...!

Pha--Yo ဘယ်သွားနေတာလဲ?

Happy ရဲ့နှုတ်ဆက်စကားကို ခွန်းတုန့်မပြန်နိုင် သေးဘဲ သိချင်တာကိုအရင်မေးလိုက်တယ်.. အခုချိန်မှာ ကျွန်တော့်ဦးနှောက်ထဲကနေ အရေးပေါ် အချက်ပေးသံတွေ ဆူညံနေအောင် နားထဲကြားယောင် နေသလိုပါ..

Happy--အာ.... Wayo... လား... သူ.. နေလည်စာ သွားစားနေတာ နေမှာ.....

ကျွန်တော့်ခြေလှမ်းတွေကို ဝန်ထမ်းတွေ နေ့လည်စာစားတဲ့ canteenဆီကို သွားဖို့ ဦးတည်လိုက်တယ်.. ဒါပေမယ့် Happyက ကျွန်တော့်ရဲ့ခြေလှမ်းတွေကို ရပ်တန့်သွားအောင် အလောတကြီး စကားဖြတ်ပြောလိုက်တယ်...

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Tempat cerita menjadi hidup. Temukan sekarang