Pha-POV
ဆေးရုံခန်းနဲ့ ခြားနားလောက်အောင် ခမ်းနားတဲ့ VIP Roomထဲဝင်လာတော့ ကုတင်ပေါ်မှာ ပြတင်းပေါက်ဆီ မျက်နှာမူပြီး နောက်ကျောပေး ထိုင်နေတဲ့ Yoကိုတွေ့လိုက်ရတယ်...
........
.......
........
Pha -- Yo.....
ကျွန်တော့်ခေါ်သံကြောင့်Yo နောက်လှည့်ကြည့် လိုက်တယ်...
ညိုးငယ်နေတဲ့ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်ကြည်စ တွေအပြည့်နဲ့ ရစ်ဝဲနေတယ်.. အသက်မပါတဲ့ အကြည့်တွေနဲ့လည်ပြန်ကြည့်ရင်း ရွှင်လန်းမှုတွေ ကင်းစင်နေတယ်... ကျွန်တော် သူ့နားကို လျှောက်သွားလိုက်ပြီး..
Pha -- Yo... ဘာဒဏ်ရာရသွားသေးလဲ.. နေကောင်းရဲ့လား...? အရမ်းကြောက်နေ သလားဟင်...!
သူ့ကုတင်နားကို လျှောက်လာရင်း မေးခွန်းတွေ တရစပ်မေးလိုက်တယ်... ဟန်ဆောင်ထားတဲ့ အပြုံး နွမ်းနွမ်းတွေနဲ့ အားတင်းပြုံးနေရင်း...
Yo -- Yoဘာမှမဖြစ်ပါဘူး...P'Pha... P'Pha ရော သက်သာရဲ့လား...!
Pha -- ကိုယ်ဘာမှမဖြစ်ပါဘူး Yo ... သက်သာပါတယ်... Yoတစ်ခုခု ဖြစ်မှာစိုးလို့ စိတ်ပူလိုက်ရတာ...
ကျွန်တော်ပြောရင်း သူ့ကုတင်ပေါ် ဝင်ထိုင်ကာ သူ့ပခုံးကို ဆုပ်ကိုင်ဖို့ ပြင်လိုက်ပေမယ့် Yoက အလန့်တကြားရှောင်လိုက်တယ်... ရုတ်တရတ် ကျွန်တော် ကြောင်သွားမိတယ်...
Yoကထိတ်လန့်နေသလို စိုးရိမ်ကြောက်လန့် နေတာကို သူ့မျက်နှာရိပ်ကနေ လှမ်းမြင် လိုက်ရတော့ ကျွန်တော်အံ့ဩမှုတွေနဲ့ စိတ်ပူမိ သွားတယ်...
Pha -- Yo... ဘာဖြစ်လို့လဲ...? မျက်နှာလဲ မကောင်းပါလား...!
ကျွန်တော် သူ့လက်ကိုကိုင်ဖို့ ကြိုးစားလိုက်ပေမယ့် အတင်းရုန်းပြီး ကျွန်တော့်မေးခွန်းပါတဲ့အကြည့်တွေ ဆီက မျက်နှာလွှဲရှောင်ဖယ်နေတယ်..
Yo--Yo...Yo.. ဘာမှမဖြစ်ပါဘူး...
Pha -- မဟုတ်သေးဘူး...Yoတစ်ခုခုကို ကြောက်နေတာလား... ဘာလို့ကိုယ့်ကိုအကြည့်ချင်း မဆုံရဲတာလဲ...! ကိုယ်Yoကို အရမ်း စိတ်ပူမိလို့ပါ... Yo ကိုခဏလောက် ဖက်ထား ချင်တယ်... ကိုယ့်ကို ခွင့်ပြုပါYo ရယ်...
YOU ARE READING
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...
