Wayo- POV
ပုံမှန်ဆို ကျွန်တော် P'Phaအပေါ် စိတ်ဆိုးတာမျိုး မရှိခဲ့ပါဘူး… ဒါပေမယ့် ဘာလို့လဲ… ကျွန်တော်ကပဲ အဆင့်ကျော်ပြီး နေရာတကာ ဝင်ပါမိသလို ဖြစ်မိလို့လား… ကျွန်တော့်ရဲ့ ရည်ရွယ်ချက် တစ်ခုတည်းက သူ့ရဲ့ အနားယူဖို့ လိုတဲ့ ကျန်းမာရေး အခြေအနေကြောင့်ပါ… အင်းလေ… သိပ်ချစ်မိတဲ့ အချစ်စိတ်လေးကလဲ နည်းနည်းပါမှာပေါ့… အခုတော့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်လေးက အရာမရောက်သလို P'Phaကျွန်တော့်ကို နားမလည်ပေးနိုင်ပါဘူး…! အလုပ်က သူ့အသက်ထက် အရေးကြီးတယ်တဲ့…! ကောင်းရော…! စိတ်ပျက်ခြင်းများစွာနဲ့ ကားငှားပြီး အိမ်ပြန်ခဲ့လိုက်တယ်… စိတ်ထဲမှာလဲ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် သတိပေးနေမိတယ်… ဘောင်မကျော်မိစေနဲ့ Yo… P'Phaအတွက် မင်းက ခင်မင်ရတဲ့ Nongတစ်ယောက်ဆိုတာကလွဲပြီး တခြား နေရာရလာမှာ မဟုတ်ဘူးဆိုတာ မမေ့နဲ့… ဒါကြောင့် မသိသာပါစေနဲ့…!!
အခန်းတံခါးကို ဆောင့်ပိတ်ရင်း အိမ်ထဲဝင်လာမိတယ်… ဘာကို စိတ်တိုလို့ စိတ်တိုနေ မိမှန်းလဲမသိ… အိပ်ခန်းထဲဝင်ပြီး ကုတင်ပေါ် ပစ်လှဲလိုက်တယ်… အခုချိန် P'Pha Companyကို သွားပြီး အလုပ်ပုံထဲ ခေါင်းနှစ်နေပြီလား…? အနားယူဖို့ လိုသေးတဲ့အခြေအနေမှာ ကိုယ့်ကိုကိုယ် အပင်ပန်းခံပြီး အလုပ်ဆိုတာကြီးကို အသေခံတိုက်ပွဲဝင်နေမလားပဲ…! စိတ်ကို လျှော့ချ ပစ်လိုက်တယ်… ထားပါ… ငါနဲ့မဆိုင်ဘူး… မျက်လုံးပိတ်ပြီး အိပ်လိုက်လိုက်တော့လို့ ကိုယ့်ကိုကိုယ်အကြိမ်ကြိမ် သတိပေးနေလဲ စိုးရိမ်စိတ်နဲ့ သတိရစိတ်တွေက နှိပ်စက်နေတယ်… တစ်ယောက်တည်း အလုပ်တွေ လုပ်နေမလား…? ဒီလို ညဘက်ကြီးမှာ မအိပ်ဘဲ အလုပ်ရှုပ်နေမလား… တစ်ခုခု ပြန်ဖြစ်ရင် ဘယ်လိုလုပ်မလဲ…
ဟာ………
ရူးချင်လာပြီ… အခုလေးတင် သူ့ကို စိတ်ဆိုးလာတယ်… အခုတော့ သူ့အပေါ် စိုးရိမ်မိလာ တယ်… စောင်ခေါင်းမြီးခြုံပြီး မျက်လုံးကို အတင်းပိတ်ပြီး အိပ်လိုက်တော့မှ ကျွန်တော့်အတွေးထဲမှာ P'Pha ပုံရိပ်တွေ တစ်ဖြေးဖြေး ပျောက်သွားတော့တယ်…
😒😒😒😒😒😒😒😒😒😒😒😒😒😒😒
အိပ်ချင်မူးတူးနဲ့ ထပြီးနာရီကြည့်တော့ 7နာရီတောင် ထိုးနေပြီ အမြန် ရေမိုးချိုးပြီး အလုပ်သွားဖို့ ပြင်လိုက်တယ်… မနေ့က ကိစ္စကြောင့် ကျွန်တော် စိတ်တော့ သိပ်ကြည်လင်နေပုံ မရသေးပါဘူး… ဘာပဲဖြစ်ဖြစ် Companyကို သွားမှ ဖြစ်မှာမို့လို့ ထုံးစံအတိုင်း ကျွန်တော့်လည်ပတ်ရာ ဘဝကြီးထဲ ပြန်အခြေချလိုက်မိတယ်…
![](https://img.wattpad.com/cover/125883696-288-k515873.jpg)
KAMU SEDANG MEMBACA
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
Fiksi PenggemarThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...