Because of you…
Wayo - POV
Yo-- ကျွန်တော် ခဗျားနဲ့ တွေ့ချင်တယ်…
“အခုလား ခဗျ?”
Yo-- အင်း… အခုပဲ… အခုချက်ချင်း…!
“ ကျွန်တော် ဘယ်ကိုလာခဲ့ရမလဲခဗျ…!”Yo-- Companyရဲ့ Lobbyကိုလာခဲ့
“ကောင်းပါပြီ သခင်လေး…!”
ကျွန်တော် Lobbyက ဝန်ထမ်းတွေ အနားယူတဲ့ စားပွဲခုံတွေထဲက ချောင်ကျတဲ့နေရာက ခုံကို ရွေးထိုင်လိုက်တယ်၊ မိနစ်အနည်းငယ်လောက် ကြာတော့ ကျွန်တော့်နားအရိပ်တစ်ခု ကပ်လာတယ်…
“ Sawaddee Krub… ပါ သခင်လေး…!”
ကျွန်တော် မော့ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်… ပြီးတော့ ရှေ့ကထိုင်ခုံကို ညွှန်ပြရင်း ထိုင်ခိုင်းလိုက်တယ်…
Yo--ထိုင်ပါ…! U Tan…!
U Tan-- ဒီအချိန်ကြီး Companyကို ဘာကိစ္စရှိလို့ ရောက်လာတာလဲ သခင်လေး…!
Yo--ကျွန်တော် အခုပြောမယ့်စကားကို သေချာ နားထောင်ပါ…!ပြီးတော့ ဒီစကားတွေကို ဘယ်သူ့ကိုမှ ပြန်မပြောနဲ့…! အထူးသဖြင့် Daddyကို နားလည်လား…!
U Tan-- ဟုတ်ကဲ့ … သခင်လေး အမိန့်တိုင်းပါပဲ…!
Yo-- ကျွန်တော် ဒီမှာ အလုပ်သင်အနေနဲ့ ဝင်လုပ်နေတယ်…!
ကျွန်တော့်စကားကြောင့် U Tanရဲ့ မျက်လုံးတွေက အဆမတန် ပြူးထွက်လာတယ်… ဒါပေမယ့် ဘာမှ ပြန်မပြောရဲသေးဘဲ ကျွန်တော်ပြောမှာကို ဆက်နား ထောင်နေတယ်…
Yo-- ကျွန်တော့်ကို Daddy ရဲ့သားမှန်း ဘယ်သူမှမသိဘူး… ကျွန်တော်ကလဲ မသိစေချင်သေးလို့ ဖုံးကွယ်ထားတယ်…! အဲဒီတော့ U Tanလဲ ဖုံးကွယ်ထားပေးပါ !
U Tan-- ဟို… သခင်လေး လုပ်ချင်တယ်ဆို ကျွန်တော့်ကို ပြောပါလား… ကျွန်တော် ကိုယ်တိုင် ရာထူးတစ်နေရာနဲ့…
သူဆက်ပြောမယ့် စကားကို ကျွန်တော် လက်ဖဝါး ထောင်ပြပြီး ရပ်လိုက်ဆိုတဲ့ သဘောနဲ့ သင်္ကေတ ပြလိုက်တယ်… ပြီးတော့ ကျွန်တော် ဆက်ပြောတယ်…
Yo-- မလိုဘူး…! အခု ဒီနေရာမှာ အားလုံး အဆင်ပြေ နေပြီ! တစ်ခုပဲ…

ВЫ ЧИТАЕТЕ
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
ФанфикThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...