throughout the way...

1.6K 135 7
                                    

Ming- POV

ရေကို စိမ်ပြေနပြေချိုးရင်း ဘယ်သွားပြီး ဘာစားကြရင် ကောင်းမလဲလို့ ကျွန်တော် စိတ်ကူးယဉ်နေမိပါတယ်… အလွန်တရာမှ ချစ်ဖို့ကောင်းသော မျက်နှာပေးနဲ့ ကျွန်တော့်ကို ညစာ ဝယ်ကျွေးမယ်လို့ ပြောလိုက်ပုံလေးက ရင်ထဲကို ယားကျိယားကျိနဲ့ အသည်းယားလောက် အောင် ဖျစ်ညစ်ထားလိုက်ချင်ပါတယ်… ဘယ်သောအခါမှ အရှုံးမပေးတတ်ဘဲ လိုချင်တာကို ရအောင်ယူတတ်တဲ့ ကျွန်တော့်အကျင့်ကြောင့် ပြန်ရတဲ့ အကျိုးအမြတ်လေးပဲ ဖြစ်ပါတယ်… အကျိုးရှိရှိ အသုံးချဖို့ လိုတယ်ဆိုတာ ကျွန်တော် နားလည်ထားတယ်… ဒီနေ့ ကျွန်တော် P'Kitကို ဖွင့်ပြောရမယ်…

ကျွန်တော်က ဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက် ဆိုတာ ကိုယ့်ကိုကိုယ် သိပေမယ့် P'Kitရှေ့ ရောက်တိုင်း ဘာမှမထူးခြားသလို P'Kitအတွက် သာမန်သူတစ်ယောက်အနေနဲ့ပဲ သတ်မှတ်ခံထား ရသလိုပဲ… ဒီနေ့တော့ ကျွန်တော့်မှာ ရှိသလောက် ရုပ်ရည်နဲ့ တည်ကြည်ချောမောမှုကို P'Kit မြင်နိုင်အောင် အစွမ်းကုန်ပြင်ဆင်နေတယ်… P'Kit… ကျွန်တော့် ညို့ချက်က မလွတ်ပါဘူး… ဟင်း…ဟင်း…😎😎😎

⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳

လက်ကနာရီကို ငုံ့ကြည့်မိတော့ 4နာရီ… စိတ်ပဲလောနေလို့လားမသိ… စောစောရောက်အောင် လာမိတယ်… ကားထဲက ထွက်ပြီး ဂဏှာမငြိမ်ပဲ ဟိုလျှောက်ဒီလျှောက်လုပ်ရင်း P'Kitကို မျှော်နေမိတယ်… ကျွန်တော့်ကို မြင်တဲ့သူ တစ်ချို့က Celebrityတစ်ယောက်လို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတယ်… တန်ဖိုးကြီးပြိုင်ကားကို မီရင်း ဈေးကောင်းကောင်းပေးရမယ်ဆိုတဲ့ အဝတ်အစား Brandတွေကိုမှ ဝတ်ထားတဲ့ ကျွန်တော်က စတိုင်ကျကျ နေကာမျက်မှန်ကြီးတပ်ပြီး အထာပေးနေသလို ဖြစ်နေတာကိုး…

နောက်တော့ ကျွန်တော် ကားတံခါးကိုဆွဲဖွင့်ပြီး ကျွန်တော်အကြိုက်ဆုံး ရေမွှေးကို နေရာအနှံ့ ဆွတ်လိုက်တယ်… အင်း… ဒီလောက်ဆို ပြည့်စုံပြီ…
ကိုယ့်ကိုကိုယ် စိတ်တိုင်းကျသွားတော့မှ ကားထဲက ပြန်ထွက်ပြီး စတိုင်ကျကျ ပြန်ရပ် စောင့်နေလိုက်တယ်…

တစ်နာရီကျော်ကျော်လောက် ရပ်စောင့်နေရင်းက P'Kitကိုအဝေးကနေ လှမ်းမြင်လိုက်ရတယ်… ရုတ်တရတ် ကားမှန်ကို ငုံ့ကြည့်ပြီး ကျွန်တော့်ကို ကျွန်တော် အဆင်ပြေရဲ့လားလို့ စစ်ဆေးလိုက်တယ်… Ok!! ဒီလောက်ဆို ကြွေလောက်ပါတယ်… ဟဲ…ဟဲ…

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now