Wayo-POV
D Day........📅📅📅
ဒီနေ့ ရည်ရွယ်ထားတာတွေအားလုံး အကောင်အထည်ဖော်ဖို့ ကျွန်တော် စိတ်စောနေ မိပါတယ်... တရုန်းရုန်းနဲ့ အလုပ်များနေကြတဲ့ထဲမှာ P'Phaလဲ ပါပါတယ်... ဒီပွဲပြီးလို့ ကျွန်တော်တို့ အချစ်ညလေး ဖြတ်ကျော်ပြီးရင်တော့ အားလုံးကို ပြောပြဖို့ စီစဉ်ထားပြီးသားပါ... ဘာပဲဖြစ်ဖြစ် ... ကျွန်တော် ရင်ခုန်နေမိတာတော့ အမှန်ပဲ... ကျွန်တော်က P'Phaအတွက် ဘာမဆို ပေးဆပ်ရဲပြီး တကယ်ချစ်တာကိုP'Pha သိရင်တော့ ကျွန်တော့်ရဲ့ ဖုံးကွယ်ထားတဲ့ ကိစ္စကို နားလည်ပေးနိုင်မှာပါ.... အဲလိုပဲ မျှော်လင့်ရတာပေါ့...
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵
တခမ်းတနား ကျင်းပနေတဲ့Companyရဲ့ ခန်းမကျယ်ကြီးမှာ ဝန်ထမ်းတွေ.. ရှယ်ယာဝင်တွေ.. အထူးဧည့်သည်တွေနဲ့... စည်ကားရှုပ်ထွေး နေပါတယ်... ဒီနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ စီးပွားရေး လုပ်ငန်းရှင်တွေ စုဝေးရာ ဒီအခမ်းအနားထဲမှာ သာမန်သူ ဝင်ရောက်ခြေချခွင့်တောင် မရှိအောင် အစောင့်အကြပ်တွေချကာ ကြီးကြီးကျယ်ကျယ် ပြုလုပ်တဲ့ ပွဲမို့လို့ တစ်နိုင်ငံလုံး စိတ်ဝင်စားမှု အများဆုံးခံရတဲ့ နှစ်ပါတ်လည်ပွဲတစ်ပွဲ ဖြစ်ပါတယ်.
ပူလောင်တင်းကြပ်နေတဲ့ စိတ်တွေကို သက်ပြင်းအခါခါ ချရင်းစိတ်ဖြေကြည့်ပေမယ့် ဖိစီးမှုတွေက လျော့မသွားပါ... ဝတ်ထားတဲ့ Suit ကြောင့်လဲ ဖြစ်မယ်ထင်တယ် နက်ခ်တိုင်ကို မသိမသာ လျှောချလိုက်ပြီး ကြယ်သီးတစ်လုံး ဖြုတ်လိုက်တယ်. ဟူး..... အခုမှပဲ အသက်ရှုလို့ ဝတော့တယ်... ရှုပ်ထွေးနေတဲ့ လူတွေကြားထဲ ကမ်းပေးတဲ့ ဝိုင်တစ်ခွက်ကိုကိုင်ရင်း.... P'Pha ကိုမျက်စိဝေ့ပြီး ရှာလိုက်တယ်... ဒါပေမယ့် .....
P'Pha ကိုတော့ မမြင်မိသေးပေမယ့် P'Chok, P'Dream နဲ့ P'Happyတို့ကို လှမ်းမြင်လိုက်ပြီး သူတို့နား သွားကာ P'Phaကိုမြင်မိလား မေးလိုက်တယ်...
Chok-- ဟယ်....Wayo...လူတောင်မှားတယ်...! ဒီနေ့ အမိုက်စားဝတ်လာပါလား.... ကြည့်ပါဦး သန့်နေတာပဲ.....
Dream--ငါ့မျက်လုံးထဲမှာတော့ အရွယ်မရောက် သေးတဲ့ ကလေးတစ်ယောက်က Suit ဝတ်ထားသလိုပါပဲ.... ဘယ်လိုပဲဝတ်ဝတ် ချစ်စရာလေး ဖြစ်နေတယ်...
YOU ARE READING
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...