Promises💬💬

1.5K 124 8
                                    

Wayo- POV

Forth-- ဘာမှာ မလဲ … Wayo … Panichjayasawadd………!

ကျွန်တော် အရမ်းအံ့သြမိသွားတယ်… P'Phaက ကျွန်တော့်ကို Wayo အနေနဲ့ပဲ မိတ်ဆက်ပေးခဲ့တာပါ… ကျွန်တော့်ရဲ့ နောက်ဆုံး နာမည်ကို ကျွန်တော်လဲ မပြောမိဘဲနဲ့ … သူက ဘာလို့ သိနေရတာလဲ…?

Yo-- ဘယ်လိုလုပ်….?
Forth-- ဘယ်လိုလုပ် မျိုးရိုးနာမည်ကိုပါ သိတာလဲ လို့ မေးမလို့လား…!

ကျွန်တော် ထိတ်လန့်သွားမိတယ်၊ ပါးစပ် အဟောင်းသားနဲ့ သူ့ကို ပြန်ကြည့်နေမိတယ်… ဒါပေမယ့် P'Forthကတော့ အေးစက်စက်အပြုံး တစ်ခုနဲ့ဆက်ပြောတယ်…

Forth-- ကိုယ်လဲ အံ့သြနေမိတာ…! ဘာကြောင့် Panich လုပ်ငန်းစုပိုင်ရှင်ရဲ့သားက Phanaရဲ့ လက်အောက်ငယ် ဝန်ထမ်းအနေနဲ့ အလုပ်ဝင်နေရတာလဲ ဆိုတာကိုပေါ့…! အကြောင်းရင်းကို သိချင်လို့ Phanaရှေ့မှာတောင် မင်းအကြောင်းကို မပြောဘဲ နေတာ…! ပြောပါဦး… မင်းရဲ့ အကြောင်းပြချက်က…

ကျွန်တော် ဇောချွေးတွေ ပြန်လာမိတယ်… လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ခြောက်ခြားနေမိတယ်… ဒီကိစ္စကို ကျွန်တော် ကိုယ်တိုင် ဖွင့်မပြောရသေးဘဲ P'Pha သိသွားလို့ မဖြစ်ပါဘူး… ဒါကြောင့် ကျွန်တော် အမြန်တောင်းဆို လိုက်တယ်…

Yo-- ကျွန်တော် တောင်းပန်ပါတယ်… P'Forth…! P'Pha ကို ဒီကိစ္စနဲ့ပတ်သတ်ပြီး မပြောစေချင်ဘူး…

Forth-- ဒါကြောင့် အကြောင်းပြချက်က ဘာလဲ လို့မေးတာပေါ့! Phanaက မင်းကို Mr. Seintရဲ့ သားမှန်း မသိဘူး မှတ်လား…?

သက်ပြင်းကို လေးကန်စွာချမိရင်း ဘေးကြပ်နံကြပ် ဖြစ်နေမိပါတယ်…

Yo-- ဟုတ်ပါတယ်…! ကျွန်တော် ဖုန်းကွယ်ထား မိတယ်… အစကတော့ P'Pha နားမှာ နေချင်ရုံလေး ကြံခဲ့မိရုံပါ… အကြောင်းရင်းကတော့ ကျွန်တော် P'Phaကို မြင်မြင်ချင်း ချစ်မိလို့… သူ့နားမှာ နေချင်မိလို့ ဒီလိုကြံခဲ့မိတယ်… P'Phaသာ ကျွန်တော့်အကြောင်းကို သိရင် P'Green လို ထားခဲ့ခံရမှာ ကြောက်တယ်… ကျွန်တော် အနူးညွှတ် တောင်းပန်ပါတယ်… ကျေးဇူးပြုပြီး P'Phaကို ဒီကိစ္စ ကျွန်တော် သူ့ကို ကိုယ်တိုင် မပြောခင်အချိန်ထိ ဖုန်းကွယ်ထားပေးပါ…

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Место, где живут истории. Откройте их для себя