Pha-POV
တညလုံး ဖိုင်တွေကြား ခေါင်းနှစ်ထားရင်း ရင်ထဲက ဝေဒနာတွေ ပျောက်လိုပျောက်ငြား... မေ့ဖျောက်ထားမိပါတယ်... မိုးလင်းသွားတာ မသိလိုက်သလို ကျွန်တော့်နှလုံးသား နောက်တစ်ကြိမ် ရှုံးနိမ့်ခဲ့ရတာလဲ မသိခဲ့ပါဘူး... ခေါင်းတွေ မူးဝေလာသလို ညီးစီစီကြီး ဖြစ်နေမိပေမယ့် တစ်ချက်ကလေး မနားအားသေးပါဘူး... အကြာကြီး ပစ်ထားမိတဲ့ ဝန်ထုပ်ဝန်ပိုးက ကြာလေး ကြီးမားလေ ဝန်ပိုလာလေ... ကျွန်တော့်ခေါင်းမှာ အလုပ်ဝန်တွေနဲ့ နှလုံးသားက သောကဝန်တွေပါ အဆစ်ပါ လိုက်သေးတယ်... Phana ... မင်းနောင်တရသင့်ပြီ... ဘယ်သူကိုမှ ရင်ခုန်ဖို့ မကြိုးစားနဲ့တော့ ... မင်းအသဲက အကြိမ်ကြိမ်ကွဲဖို့ အပိုမပါလာဘူး ဆိုတာ ထပ်ခါထပ်ခါ ပြောနေမိရင်း စိတ်ဓါတ်ကျနေမိပါတယ်...
တံခါးခေါက်သံကြားတော့ မော့မကြည့်အားဘဲ ဝင်ခိုင်းလိုက်တယ်၊ လောလောဆယ် အလုပ်တစ်ခု တည်းကပဲ ကျွန်တော့်ကို ဝေဒနာတစ်ချို့ သက်သာအောင် ကုစားပေးနိုင်တော့မယ် ထင်တယ်...
Pha-- Thanawat ဆီက နောက်ထပ် ဘာသတင်း ထူးသေးလဲ...?
" ကျွန်တော် မသိဘူး...!"
ဒီအသံကြောင့် ကျွန်တော် ချက်ချင်း မော့ကြည့်လိုက်မိတယ်... Wayo... ကျွန်တော့်ကို အရင်လို ပြုံးပြနေကျ မဟုတ်သလို မကြည်မလင်နဲ့ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်ပုံကြောင့် ကျွန်တော် ပြောစရာစကား ရှာမရ ဖြစ်သွားမိတယ်...
ဖိုင်ကို ထားခဲ့ပြီး ပြန်လှည့်ထွက်သွားတဲ့ Wayoကို ကျွန်တော် မျက်စိတစ်ဆုံး ငေးကြည့်နေ မိသေးတယ်... အဲဒီ့နေ့ တစ်နေ့လုံး ကျွန်တော် သတိရတိုင်း သူ့ကို လှမ်းလှမ်းကြည့်ပေမယ့် Wayo တစ်ယောက် ကျွန်တော့်ကို တစ်ချက်လေးတောင် ဂရုမစိုက်တော့ပါဘူး... ဘာကြောင့်မှန်းမသိ ရင်ထဲမှာ နာကျင်နေမိတယ်... ကျွန်တော့်အပေါ် လျစ်လျူရှုလိုက်တဲ့ Wayoရဲ့ တုန့်ပြန်မှုက ကျွန်တော့်စိတ်ဓါတ်တွေကို အောက်ဆုံးအဆင့်ထိ ရောက်အောက် ဆွဲချခံလိုက်သလိုပါပဲ... ဝမ်းနည်းလာမိသလို ခံစားရရင်း အထီးကျန်လာ တယ်လို့လဲ တစ်ပြိုင်တည်း တွေးမိတယ်... အရင်တုန်းက Wayo ကျွန်တော့်အနားမှာ ဝေ့လည်ကြောင်ပတ်နဲ့ အကြောင်းတစ်ခုခုနဲ့ အမြဲတမ်း ဝဲလည်နေတတ်ပေမယ့် ဒီနေ့တော့ ကျွန်တော်က သူ့အတွက် တည်ရှိနေတယ်လို့တောင် သဘောထားမခံရတဲ့ဘဝကို နေ့ချင်းညချင်း ပြောင်း လဲသွားရတော့ အရမ်းကို လစ်ဟာနေသလို ဖြစ်မိပါတယ်၊
ESTÁS LEYENDO
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...
