Ming- POV
Ming-- ကျွန်တော် တစ်ခု တောင်းဆိုချင်လို့…!
U Tan-- ပြောပါ Khun Ming!Ming-- ရှယ်ယာရှင်တွေနဲ့ပတ်သတ်ပြီး ပြဿနာ တစ်ခု ရှိနေတယ်လို့ သတင်းကြားရတယ်…
U Tan--ဟုတ်ပါတယ်…
Ming-- အဲဒီ့ကိစ္စကို အမြဲတမ်းKhun Phana Kongtanim ဆိုတဲ့သူက တာဝန်ယူ ထားရတယ်ဆို…!
U Tan--ဟုတ်ပါတယ်…
ကျွန်တော် ခေါင်းတညိတ်ညိတ်နဲ့ ကော်ဖီကို တစ်ငုံ သောက်ပြီး စကားခဏ ရပ်လိုက်တယ်… ပြီးတော့မှ ဖြေးဖြေးချင်း…
Ming-- သူအခု ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် မအားလပ်ဖြစ်နေတယ်… လောလောဆယ် သူ့အစား U Tan ဘက်က တာဝန်ယူပြီး ဖြေရှင်းထားပါ…
U Tan ခဏတော့ မင်သက်သွားတယ်… နောက်တော့ မဆိုင်းမတွဘဲ ခေါင်းညိတ် လက်ခံလိုက်တယ်…
U Tan-- စိတ်ချပါ… ကျွန်တော် တာဝန်ယူလိုက်ပါ့မယ်…! ဒါပေမယ့် စိတ်မရှိပါနဲ့… တစ်ခုလောက်မေးလို့ရမလား… Khun Ming…!
ကျွန်တော် ကော်ဖီကို ဖြေးဖြေးချင်းသောက်နေရင်း နဲ့ ခေါင်းကို ညိတ်လိုက်တယ်၊ ခြေထောက်ကို ပုံမှန်အတိုင်း ချိတ်ထိုင်ထားလိုက်တယ်…
Ming-- မေးပါ…
U Tan-- Khun Phana Kongtanimနဲ့ Khun Mingတို့က သိကျွမ်းကြပါသလား… ကျွန်တော် ထင်နေတာက Khun Ming ရော သခင်လေးတို့ရောက Companyနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို စိတ်မဝင်စား တတ်ကြဘူးလို့ပါ… ဒီလို Companyထဲက ဝန်ထမ်းနဲ့ သိကျွမ်းပြီး Companyကကိစ္စကို သိနေတာက ကျွန်တော့်ကို အံ့အားသင့်စေလို့ပါ…
ကျွန်တော် ရယ်လိုက်မိတယ်… ထင်ထားသလိုပါပဲ U Tanကအရမ်းလျှင်ပါတယ်… ဒါပေမယ့် Wayo မှာထားသလို အသိမပေးဖြစ်သေးဘဲ ပါးပါးလေး ညာလိုက်တယ်…
Ming-- Companyကကိစ္စကို သိရဖို့က မခက်ပါဘူး…! Mommyတို့က Japanကနေ ကိစ္စအားလုံးကို လေ့လာဖို့ ကျွန်တော့်ကို တာဝန်ပေးထားတာ…! ထားပါ… ကျန်တာတော့ ဆက်ပြောစရာ မလိုဘူးထင်တယ်… ကျွန်တော်ပြော တဲ့အတိုင်းသာ လုပ်လိုက်ပါ…! သွားလိုက်ဦးမယ်…!
ပြောပြီးတာနဲ့ ကျွန်တော် U Tan ရုံးခန်းထဲက ထွက်ခဲ့တယ်… ကျွန်တော့်တာဝန် ပြီးပါပြီ… သခင်လေး အလိုတော်အရ အားလုံးကို လုပ်ပြီးပြီ ဆိုတော့ကာ Companyကနေ ထွက်ခဲ့တယ်… နောက်တော့ ကျွန်တော့် ရင်ခုန်သံ ရှိရာဆီ ထွက်ခဲ့တယ်…
YOU ARE READING
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...