Wayo- POV
ဒီနေ့ Companyကို စောစောလာပြီး P'Pha ကို မနက်စာ ဝယ်လာပေးရတဲ့ကျွန်တော့်တာဝန်ကို မပျက်ကွက်ခဲ့ပါဘူး… စောလွန်းတဲ့အတွက် တခြား ဝန်ထမ်းတွေလဲ မရောက်ကြသေးပါဘူး…! ဒါပေမယ့် ကျွန်တော့် ကောင်းကင်လေးက မနက်စောစောမှာ တောက်ပစွာ အလုပ်ကိုကြိုးကြိုးစားစား လုပ်နေလေရဲ့… P'Pha ရုံးခန်းတံခါးကို တွန်းဖွင့်ရင်း ကျွန်တော့်ကိုလှမ်းကြည့်လိုက်တဲ့ P'Phaကို ပြုံးပြလိုက်တယ်… P'Phaရဲ့ နွေးထွေးတဲ့ အပြုံးတစ်ခုကိုလဲ ကျွန်တော် ပြန်ရလိုက်ပါတယ်… ကျွန်တော့်ကို မြင်တော့ P'Phaက မတ်တပ်ရပ်ပြီး သီးသန့်စားပွဲလေးဆီ လျှောက်လာတယ်… ကျွန်တော့်လက်ထဲက အထုပ်တွေ လှမ်းယူပြီး …
Pha-- Yo ရောက်လာမယ်လို့ ထင်သားပဲ…!
Yo-- မနေ့က ညစာရော စားရဲ့လားP'Pha!
Pha-- စားပါတယ်…! တစ်ယောက်တည်းပေါ့! ပြီးတော့ မနေ့ညက Khun Happy တို့လဲ မပြန်ကြဘူး…စာချုပ် ရက်ကနီးလာပြီဆိုတော့ အားလုံး ပင်ပန်းနေကြတာ… ဒါကြောင့် သူတို့ ဒီမနက်တင် ပြန်သွားပြီး နေ့လည်လောက်မှ ပြန်လာလို့ ပြောထားတယ်…
Yo--အားလုံး အဆင်ပြေသွားမှာပါ ! ဖြေးဖြေးချင်းနဲ့ အားလုံးစည်းလုံးရင် ဘာမဆို ဖြေရှင်းနိုင်မှာပါ… P'Pha!
Pha--ဟုတ်တယ်… Yo! အခက်အခဲဆိုတာ ခဏပါ… ဘဝရဲ့ တစ်ဆစ်ချိုးပေါ့… P'တို့ ဖြေရှင်းနိုင် မှာပါနော်…!
ကျွန်တော် ခေါင်းညိတ်ရင်း တောက်ပစွာ ပြုံးပြလိုက်တယ်… P'Phaရဲ့ အခက်အခဲဆိုတာကို သူဘယ်လိုခံယူထားလဲဆိုတဲ့ အချက်ကို ကျွန်တော် သဘောကျပါတယ်… အကောင်းဆုံး ကြိုးစား ထားပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိရှိနဲ့ ဖြေရှင်း နိုင်မယ်လို့ ယုံကြည်ထားတာပါ… ဒါပေမယ့် ကျွန်တော် အဲဒီ့အချိန်ထိ မစောင့်နိုင်ပါဘူး… P'Pha ကယုံကြည်ချက်ရှိနေပေမယ့် သူ ပင်ပန်း နေတာမျိုးကို ကျွန်တော် ဆက်မကြည့်နိုင်ပါဘူး… အားလုံးဟာ ကျွန်တော် ပြောသလို သူ့ဘာသာသူ ပြေလည်သွားမှာပါ… P'Pha အဲဒီ့အတွက် စိတ်ဖိစီး စရာမလိုတော့ဘူးဆိုတာ ကျွန်တော် သိစေချင်ရုံလေးပါ…
P'Phaနဲ့မနက်စာစားရင်း စိတ်ပြေလက်ပျောက် စကားတွေ ပြောနေမိတယ်… ကျွန်တော် စကားများ နေရခြင်းအကြောင်းရင်းက P'Phaကို အလုပ်တွေ ဆက်မလုပ်စေချင်သေးဘဲ ခဏတာ အနားယူစေချင် လို့ပါ… ကျွန်တော်ပြောသမျှကို ပြုံးရင်းနားထောင် နေပြီး ခေါင်းတညိတ်ညိတ်နဲ့ သူ့စိတ်တွေ ပျော်လာပုံ ရပါတယ်…
YOU ARE READING
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...