Wayo-POV
Daddy အခန်းကို တံခါးခေါက်ပြီး ဝင်ခွင့်တောင်း လိုက်တယ်…
“ဒေါက်…! ဒေါက်!”
Mr.Seint--ဝင်ခဲ့!တံခါးလက်ကိုင်ကို ဆွဲလှည့်ပြီး ဝင်လာလိုက်တယ်… ကျွန်တော်နဲ့ Daddy က သားအဖတွေဆိုပေမယ့် ကျွန်တော်က Daddyအပေါ်မှာ ရိုသေလေးစားရပြီး အနေအေးတဲ့ Daddy အကျင့်စရိုက်ကြောင့် ကျွန်တော်တို့ကြားမှာ ရင်းနှီးမှု နည်းပါတယ်…
Yo-- Sawadder Krub!
Seint-- ရောက်လာပြီလား…! Daddy သားကိုပြော စရာရှိတယ်…
Yo-- ဟုတ်ကဲ့…!
Seint-- အရေးကြီးတာ မပြောခင် သိချင်တာ အရင်မေးရတာပေါ့…Daddy ရဲ့ အကြည့်တစ်ချို့က စူးရှနေသလို ထင်ရပါတယ်… နည်းနည်းတော့ ကျောချမ်းမိတာပေါ့… ပါးနပ်လွန်းတဲ့အပြင် လူရည်လည်တဲ့ စီးပွားရေးသမား တစ်ယောက်မို့လို့ တော်ရုံလူတစ်ယောက်က Daddy အကြည့်နဲ့တင် ဖြုံနိုင်ပါတယ်…
Seint-- Companyမှာ အလုပ်ဝင်နေတယ်ဆို…!
ကျွန်တော် အံ့သြမိပြီး Daddy နားမှာရပ်နေတဲ့ U Tan ဆီအကြည့်တွေ ဒိုင်းခနဲပို့ပစ်လိုက်တယ်… U Tan ကလဲ အလန့်တကြား ပြန်ပြောတယ်…
U Tan-- ကျွန်တော် ပြောတာ မဟုတ်ပါဘူး… သခင်လေး…!
Seint-- Khun Tanကို ဒီကိစ္စ ဖုံးကွယ်ခိုင်းထားတာ လား…?ဒီကိစ္စက သူပြောမှ Daddy သိရမှာ မဟုတ်ပါဘူး… သားဝင်လုပ်နေတာ Daddyရဲ့ Companyလေ… သားအကြောင်း Daddy လက်လှမ်းမှီသလောက် သိထားပြီးသားပါ…
Yo-- Daddyနဲ့သား ကတိလုပ်ထားတယ်လေ… သားအကြောင်းကို မစုံစမ်းရဘူးလို့…! သားတို့ သဘောတူထားတဲ့ အတိုင်း အချိန်တစ်ခုထိ သားကို လွတ်လွတ်လပ်လပ် နေခွင့်ပေးရမယ်ဆိုတာလေ…
Seint-- Daddy မစုံစမ်းခိုင်းထားပါဘူး… ပေးထားတဲ့ ကတိကို တည်ပါတယ်… ဒါပေမယ့် စီးပွားရေးလောကထဲ ဝင်လာတဲ့ သားအကြောင်းကို Daddy မသိနိုင်စရာမရှိနိုင်ဘူးလေ… Thanawat လုပ်ငန်းစုကိစ္စကို ဖြေရှင်းခဲ့တာလဲ Daddy သိတယ်… Daddyသားအနေနဲ့ Companyရဲ့ အခက်အခဲ တစ်ခုကို ဖြေရှင်းနိုင်ခဲ့တာ Daddy သားကို ချီးကျူးပါတယ်…
ဟုတ်ပါတယ်… စီးပွားရေးလောကမှာ ဘုရင်တစ်ဆူလို ဖြစ်နေတဲ့ Daddyက ဒီလောကမှာ ဖြစ်ပျက်သမျှကို သိနေမှာပါ… ကျွန်တော့်မှာ ရှောင်လွဲစရာလမ်း မရှိတော့ပါဘူး… Daddy ရဲ့ မေးခွန်းသက်ရောက်မှုတွေ ပါနေတဲ့ အကြည့်ကို ခေါင်းငုံ့ရင်းခံယူနေမိတယ်…
![](https://img.wattpad.com/cover/125883696-288-k515873.jpg)
ESTÁS LEYENDO
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanficThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...