Never Mind…💓💓💓
Wayo-POV
P'Phaက အကြာကြီး စဉ်းစားနေပြီးမှ သက်ပြင်းကိုချရင်း မဆိုင်းမတွပြောလိုက်တယ်၊
Pha-- P'ရဲ့ ချစ်သူ ဖြစ်ပေးပါလား…
Yo--ဗျာ!!
ကိုယ့်နားတောင် ကိုယ်မယုံဘဲ ဖြစ်သွားမိတယ်၊ P'Pha မူးနေလို့ မှားပြောတာလား! ဒါမှမဟုတ် ကျွန်တော်ပဲ နားကြားလွဲတာလား!! ဘာပဲဖြစ်ဖြစ် ကျွန်တော့် ရင်တွေ ပရမ်းပတာ ခုန်ပေါက်သွားမိတယ်၊ ကျွန်တော့်စိတ်တွေ ငြိမ်အောင် မနည်းထိန်းရင်း သေချာအောင် မေးချင်မိတယ်၊
P'Phaကတော့ ခပ်အေးအေးပဲ… ခွက်ကို ကိုင်ရင်း ပြုံးလိုက်တယ်၊ နောက်တော့ ကျွန်တော့်ကို အားနာသလိုမျိုးကြည့်ပြီး…
Pha--လန့်သွားတာလားYo? ဒါမှမဟုတ် ကိုယ့်ကို ဆွဲထိုးချင်စိတ်ပေါက်သွားလား?
Yo--P'Pha! ပြောတာ ကျွန်တော် နားမလည်ဘူး! P'ရဲ့ချစ်သူ … ဟုတ်လား!! P'မှာ ချစ်သူရှိပြီးသားလေ…
P'Phaကမဲ့ပြုံးပြုံးရင်း ဖြေးဖြေးလေး ခေါင်းညိတ်တယ်၊
Pha--ဟုတ်တယ်! ဒါပေမယ့် P' သူနဲ့လမ်းခွဲတော့မယ်!
အံ့သြမှုကြောင့် ကျွန်တော် ပါးစပ်အဟောင်းသား ဖြစ်သွားမိတယ်၊ မူးလို့ လျှောက်ပြောနေတာများလား! ဒါမှမဟုတ် တကယ်ပဲ ခံစားနေရတာလား… အဲဒါကြောင့် P'စိတ်ညစ်နေတာလား… ကျွန်တော့် ရင်ထဲ အပျော်လှိုင်းတစ်ခု ခတ်သွားပေမယ့် P'Pha ခံစားနေရတာကြည့်ပြီး ကျွန်တော်လဲ ထပ်တူခံစား မိတယ်၊
Pha-- ဘာလို့လဲ လို့ မမေးဘူးလား Yo!!
ကျွန်တော့်မှာ ပြောစရာစကား ရှာမရဖြစ်နေတယ်၊ အားပေးရမလား…? နှစ်သိမ့်ရမလား…? သိချင်တာတွေ မေးရမလား…? ဘယ်လို စကားမျိုးက P'Phaခံစားနေရတာကို သက်သာစေမလဲ…!!
ကျွန်တော် ရှုပ်ထွေးမှုတွေနဲ့ .…Yo-- ကျွန်တော်ကြားရတာ စိတ်မကောင်းပါဘူး P'Pha!
P'Phaက ဖျော့ဖျော့လေးပြုံးလိုက်တယ်…
Pha-- ကိုယ် မတူညီတဲ့ ဘဝနှစ်ခုကို ထပ်တူကျဖို့ မကြိုးစား ချင်ဘူး… အချစ်ထပ် ကိုယ့်မာနသိက္ခာကို ဦးစားပေးတာ မဟုတ်ပေမယ့် အဓိပ္ပါယ်မရှိသလို နေသွားရမယ့်ဘဝကြီးကို အရမ်းမုန်းတယ်၊ ငွေကြေး ချမ်းသာမှုတွေက လူ့စည်းဘောင်ကို ကန့်သတ်ထားတာ မျိုးကြောင့် အသက်ရှုကျပ်ပြီးနေရမှာ ကိုယ်ကြောက်တယ်၊ ဘယ်လိုချမ်းသာကြွယ်ဝတဲ့ မိသားစုမျိုးထဲကိုမှ တိုးမဝင်ချင်ဘူး၊ သူတို့က သိပ်အတ္တကြီးတာ…
BẠN ĐANG ĐỌC
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...