I'm fine… 🚶🚶🚶🚶🚶
Pha-POV
ရုပ်ရှင်ရုံထဲ ဝင်ခံနီး ခဏဆိုပြီး ပြေးထွက်သွားတယ်… ပြန်လာတော့ သူ့လက်ထဲမှာ ပေါက်ပေါက်ဘူးနဲ့ Colaဘူးတွေအပြင် မုန့်တွေလဲ တစ်ပွေ့ကြီး ဝယ်လာတာကိုတွေ့တော့ မနေနိုင်ဘဲ ပြုံးမိသေးတယ်… ပီဘိ ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းလွန်းအားကြီးပါတယ်…
ရုပ်ရှင်ရုံထဲမှာ ဘေးချင်းကပ်ရပ်ထိုင်ရင်း ရုပ်ရှင်မစရသေးဘူး ဒီကလေး မုန့်တွေ စစားတော့ တာပဲ … ကျွန်တော့်ပါးစပ်နားလဲ တစ်ခုပြီး တစ်ခု ခွံ့ကျွေးရင်း တော်တော်လေးကို ပျော်နေပုံရတယ်၊ အင်း… သူကြည့်ချင်တဲ့ သရဲကား ကြည့်ရတော့မှာမို့ စိတ်လှုပ်ရှားနေတာ ဖြစ်မယ်…
ရုပ်ရှင်စပြတော့ … ပထမတော့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပါတယ်… နောက်တော့ ထင်တဲ့အတိုင်း သရဲမက မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ ထွက်ထွက်လာတော့ အလန့်တကြား မအော်မိအောင် ထိန်းထားရတယ်… မဖြစ်တော့ဘူး… မျက်လုံးလေးပါ မသိမသာ မှိတ်ထားမှဖြစ်မယ်ထင်တယ်… တစ်ရုံလုံး ဟာခနဲ ဟင်ခနဲ ထိတ်လန့်နေတဲ့ချိန် ဒီကလေး ဘာသံမှ မထွက်ဘဲ ကြည့်နေနိုင်တယ် ဆိုပြီး တအံ့တသြနဲ့ ဘေးဘက်လှည့်ကြည့်လိုက်တယ်…
ဒီကလေးက ပေါက်ပေါက်ဘူးကို ပြန့်ကျဲနေအောင် လွှင့်ပစ်ထားပြီး ကျွန်တော့်လက်တစ်ဖက်အကွယ် နောက်ကနေ မျက်လုံးကလေးမှိတ်ပြီး အသံမထွက်ဘဲ တုန်နေရှာတယ်…
ငှယ်… သူပြောတော့ သရဲကားကြည့်ချင်တယ် ဆိုပြီး အခုတော့ မျက်လုံးတောင်မဖွင့်ဘဲ ကြောက်နေရှာတယ်… ကျွန်တော် ရယ်ချင်လာမိတယ်… ဒီလိုဆိုတော့လဲ ချစ်ဖို့ကောင်း သားပဲ… ဟဟဟ😄😄😄…! သရဲကားက ကျောချမ်းစရာကောင်းသလို ရုပ်ရှင်ရုံထဲမှာလဲ Air conက ချမ်းစိမ့်စိမ့်နဲ့မို့ ကြက်သီးတောင်ထချင်လာ တယ် ၊ ဘေးနားက ကလေးလဲ ဝုန်းခနဲ ဝုန်းခနဲ အသံတွေကြားရင် တုန်တုန်သွားတယ်… ဒါကြောင့် ကျွန်တော်လဲ သူ့လက်ကို ဆုပ်ကိုင်ပေးလိုက်တယ်… လက်တွေကလဲ အေးစက်နေတာပဲ… ကျွန်တော် သူ့လက်ကို ကိုင်လိုက်တော့ ကျွန်တော့်ကို ကြောင်တောင်တောင်နဲ့မော့ကြည့်တယ်… ကျွန်တော်လဲ ပြုံးပြရင်း…
CZYTASZ
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...