He is my Sunshine
Wayo-POV
Pha-- မဟုတ်ဘူး! သူက… P'ရဲ့ ချစ်သူ…
ချစ်သူတဲ့လား… P'ရယ်…😔😔😔
Fancyကျကျဆိုင်ထဲကို ကျွန်တော်နဲ့ P'Phaတို့ ဝင်လာလိုက်တယ်… မျက်မှန်းတန်းမိတဲ့ ခပ်ချောချော မိန်းကလေးတစ်ယောက်က လှပလွန်းစွာ စားပွဲတစ်ခုမှာ အားလုံးနဲ့မတူဘဲ ထင်ပေါ်လွန်းနေပါတယ်… သူမက… P'Phaရဲ့ ချစ်သူဆိုတာပေါ့…! P'Phaအတွက် လိုက်ဖက်လွန်းနေတဲ့ အဲဒီ့ မိန်းကလေးကြောင့် ကျွန်တော် စိတ်အားငယ်မိသွားတယ်…
ကျွန်တော့်ကျောကို အသာပုတ်ပြီး P'Phaက ပြုံးလိုက်တယ်…
Pha-- လာ…! Yo!
P'Pha ဦးဆောင်ပြီး ခေါ်လာတဲ့ စားပွဲဆီ ကျွန်တော် အူကြောင်ကြောင်နဲ့ ဝင်ထိုင်လိုက်တယ်… P'Pha က အဲ့ဒီ့မိန်းကလေးနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးလိုက်တယ်…
Pha-- Green!! သူက Wayo တဲ့ ! ကိုယ်တို့ အလုပ်က အလုပ်သင် အသစ်လေးပေါ့!
Yo-- Sawaddee Kub!
Greenဆိုတဲ့ P'Pha ချစ်သူက ကျွန်တော့်ကို အကြာကြီး ကြည့်ပြီး…
Green-- မင်းကို မြင်ဖူးသလိုပဲ…
အမ်.… ! ကျွန်တော့်ကို မြင်ဖူးတယ်ဆိုပါလား… ပြဿနာပဲ Daddy နဲ့များသိတာလား…! ကျွန်တော့်ကို Daddyရဲ့ သားအနေနဲ့များ မှတ်မိသွားတာများလား…! ဂွပဲ!! Wayoဇောချွေးတွေပြန်လာတယ်…
Pha-- သူက ကိုယ်တို့အလုပ်မှာ ဝင်လုပ်တာ မကြာသေးဘူး Greenရဲ့!
Green--သြော်…! Greenက Phaတို့အလုပ်ဆီ လာလည်တုန်းက တွေ့ဖူးမယ် ထင်နေတာ … တစ်နေရာမှာ တွေ့ဖူးသလိုရင်းနှီးနေသလိုရှိနေလို့ မေးလိုက်တာ! Green အမှတ်မှားနေတာ ဖြစ်မယ်!!
Wayo သက်ပြင်းကို မသိမသာလေးချရင်း စိတ်သက်သာသွားရတယ်…
Pha-- ကိုယ့်ကို အရေးတကြီး တွေ့ချင်တယ်ဆိုတာ ဘာလို့လဲ Green ! ကိုယ်က Companyတောင် မပြန်ဘဲ Wayo ကိုပါခေါ်ပြီး တန်းလာတာ !
Green-- သြော်… ဘာမှမဟုတ်ပါဘူး! နေ့လည်စာ အတူစားချင်လို့ ခေါ်လိုက်တာ…!
Pha--ကိုယ်တို့က စားခဲ့ပြီးပြီ Greenရဲ့!
Green--ဒါဆိုလဲ အချိုတစ်ခုခုစားရတာပေါ့!
KAMU SEDANG MEMBACA
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
Fiksi PenggemarThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...