Author 's NOTE❤❤

1K 84 31
                                    


Reader တို့ကို အသိပေးချင်ပါတယ်...

ကျွန်တော် စာရေးတဲ့ မူက POV (Part of view) ပုံစံနဲ့ ရေးတာမို့လို့ ဇာတ်အိမ်သဘောကို သေချာ နားမလည်ဘဲ ဖတ်နေရတယ်ဆိုရင် တောင်းပန်ပါတယ် ခဗျ... ဇာတ်ကောင် (character) တစ်ယောက်ချင်းစီရဲ့ ဘက်ကနေ ဘယ်လိုတွေးလဲ ဘယ်လိုခံစားရလဲ ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာကို မျက်လုံးထဲပေါ်အောင် ဇာတ်ရုပ်ကို ပေါ်လွင်အောင် ရေးတဲ့ပုံစံမို့လို့... နောက်ကြောင်းပြန်တာတွေလဲ ရှိမယ်... ပြန်ပြောပြ တာတွေလဲ ရှိမယ်.... character တစ်ယောက်တည်း ကိုပဲ ဦးတည်ရေးရင် နောက် character တွေ ဘယ်လိုတွေးလဲ ခံစားလဲဆိုတာကိုပါ ရည်ညွှန်းပြချင်တာကြောင့် တခါတလေ နောက်ကြောင်းပြန်သဘောမျိုး ပြန်ရေးပြရပါတယ်.... ဒါကြောင့် ရှုပ်ထွေးနေတယ် လို့ ထင်နိုင်ပြီး ဖတ်ရတာ ငြီးငွေ့လာတတ်ပါတယ်..

ကျွန်တော် အကြံပေးချင်တာက ကျွန်တော့်Ficလေး update ပေးရင် ဖတ်ကြည့်လို့ နားမလည်ဘူးဆိုရင် အရှေ့ပိုင်းတွေပါ ပြန်ဖတ်ပေးပါ..... အဲဒါမှ နားလည်မလွယ်သေးဘူးဆိုရင် ကျွန်တော့်ကို မေးလို့ ရပါတယ်....

Update ကြာတဲ့ကိစ္စကိုလဲ တောင်းပန်ပါတယ်ဗျ.. ရေးလိုက် ဖျက်လိုက်နဲ့ စိတ်တိုင်းကျ မဖြစ်ရင် မတင်မိလို့ပါ.... ပြီးတော့.... ကျွန်တော့် Fic လေးက ဖတ်အား အရမ်းနည်းပါတယ်😟😟 ... ကြာလာလေ ဖတ်မယ့်သူမရှိဘဲ နည်းလာတယ် ထင်ရင် ရေးရမှာ အားမရှိ ဖြစ်လာတာနဲ့ နေ့ရွေ့ ညရွေ့ လုပ်နေတာနဲ့ Update ပိုကြာသွားမိပါတယ်.. စာဖတ်အားက အရေးမကြီးပါဘူး... ဒီFicလေးကို စောင့်နေတဲ့သူတွေ ရှိနေသေးပါလားလို့ တွေးမိရင်လဲ အားပြန်ပြည့်ရပါတယ်....

နောက်..... ကျွန်တော်က မာနမကြီးတတ်ပါဘူး.. ပွင့်ပွင့်လင်းလင်း ဝေဖန်လို့ ရသလို ရင်းရင်းနှီးနှီးလဲ စကားပြောပြီး အကြံပေးလို့ ရပါတယ်... comment တိုင်းကို တတ်နိုင်သလောက်လဲ reply ပြန်တတ်ပါတယ်.. Author အစစ်ကြီး တစ်ယောက် မဟုတ်ဘဲ ဝါသနာပါသလောက်လေး စမ်းရေး ကြည့်တဲ့သဘောဖြစ်ပေမယ့် comment လေးတွေ ဖတ်ရတာ သဘောကျပါတယ်... ကျွန်တော် တစ်နေ့ကို အခါတစ်ရာမက Wattpad ကိုဖွင့်ကြည့်တတ်ပါတယ်... ကျွန်တော် ရေးတဲ့Fic ကို ရင်းရင်းနှီးနှီး ဝေဖန်ပြောဆိုတဲ့comment တွေကို အမြဲတမ်း ဖွင့်ဖတ်ပြီး ပျော်နေတတ်ပါတယ်... 😄😄😄

နောက်...... အကြံတောင်းကြည့်ချင်တာက mature content တွေ ရေးဖို့ ကျွန်တော်က အလွန်တွန့်ဆုတ်တတ်ပါတယ်... (ရှက်တတ်တယ် ပေါ့ဗျာ😁😁) ဒါပေမယ့် လိုလပ်ရင် ရေးဖို့လဲ စိတ်ဆုံးဖြတ်ထားပါတယ်(ဇာတ်လမ်း သဘော အရပါ...😁😁) readerတွေက မိန်းကလေးတွေ ဒါမှမဟုတ် အသက်မပြည့်သေးတာတွေလဲ ရှိပါတယ်... ဒါကြောင့် ကျွန်တော်က Drama ပိုင်းကို ပိုဦးစားပေး ရေးဖြစ်တယ်.... မပါဘူးလို့လဲ မဟုတ်ဘူးပေါ့... 😁😁😁 အကယ်၍ မနှစ်သက်တဲ့သူတွေအနေနဲ့ warning လေးတွေကို သတိထားပြီး ကျော်ဖတ်သွားလို့ ရပါတယ်... mature content တွေရေးရင်လဲ ဖတ်ရတာ ရိုင်းမယ့် sentence မျိုးကို အတတ်နိုင်ဆုံး ရှောင်ပေးပါ့မယ်... readerတို့ဘက်က အဆင်မပြေတာ ရှိရင် ပွင့်ပွင့်လင်းလင်း ဝေဖန်လို့ ရပါတယ်🤗🤗🤗🤗🤗

ပြီးတော့ ကျွန်တော့်ကို ဇာတ်လမ်းလေး မsweet လို့ စိတ်မငြိုငြင်ကြပါနဲ့.... Happy Ending ဖြစ်ဖို့ သေချာပေမယ့် အများကြီး Tempoမြင့်မယ့် အပိုင်းတွေ ရောက်ရင် ခံစားကြရမှာပါ.... ကျွန်တော် ကိုယ်တိုင်လဲ Fic ရေးရင်း မျက်ရည်ကျမိတတ်ပါတယ်.... ဇာတ်ရုပ် ပေါ်လွင်အောင် စိတ်သွင်းပြီး ရေးထားရတာဆိုတော့ ကျွန်တော့် ဇာတ်ကောင်နဲ့ ကျွန်တော် တခါတလေ ထပ်တူခံစားရပါတယ်... ဒါကြောင့် တခါတလေ ငိုရသလို တခါတလေလဲ ကြည်နူးမိပါတယ်....
( မရှိတဲ့သူကို စိတ်နဲ့မှန်းပြီးတော့ပေါ့လေ😁😁)

Readers တွေကိုလဲ အဲလိုခံစားကြည့် စေချင်ပါတယ်... ကျွန်တော်က Korea series, Thai Series, English series တို့ကို အရမ်းကြိုက်နှစ်သက်လို့ ဇာတ်လမ်းကို Tempo မြင့်အောင်ရေးရတာ ကြိုက်ပါတယ်...(Evil😈😈)
ဒါကြောင့် စိတ်ထဲ ငလိကလိ ဖြစ်အောင်ဆွပြီး တန်းလန်းထားခဲ့တာ အကျင့်ပါနေပါပြီ😁😁. အဲဒါလေးကိုလဲ စိတ်မဆိုးကြ ပါနဲ့လို့စ်... 😍😍

ဒီနေ့ညမှာ အပိုင်းသစ်တော့ တင်မှာပါ.... မအိပ်ဘဲစောင့်နေရင်တော့ ဒီနေ့ညပဲ ဖတ်ရမှာပါ.... စောစောအိပ်မယ်ဆိုရင်တော့ မနက်ဖြန်မှ ဖတ်ပါ😉😉.

Readerတွေ အားလုံးကို အရမ်းချစ်ပါတဲ့
Author ပေါက်စ 😋😋Moon Child🌛

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now