D-Day 5

1.4K 105 32
                                        

Wayo-POV

ပထမဆုံး သတိရ ရချင်း မျက်လုံးကို အသာဖွင့်လိုက်မိတယ်... အဖြူရောင် မျက်နှာကြတ်ကို မြင်လိုက်မိပေမယ့် ကျွန်တော် ဘယ်နေရာကိုရောက်နေတာလဲဆိုတာ မသိသေးပါ...ပါတ်ဝန်းကျင်ကို မျက်လုံး ဝေ့ကြည့်မိတော့ မျက်နှာ မကောင်းဖြစ်နေတဲ့ မားကို တွေ့လိုက်ရတယ်... တစ်ကိုယ်လုံး အားအင်တွေ မရှိတော့သလို နုံးချိနေပြီး ဖြေးဖြေးချင်း အသက်ကို ရှုသွင်းကာ မားကို ခေါ်လိုက်တယ်...

Yo -- မား.....

"Yo...သားလေး သတိရလာပြီလား... သက်သာရဲ့လား Yo Yoရယ်.... မားစိတ်တွေ ပူလိုက်ရတာ..."

Yo-- သားဘယ်ရောက်နေတာလဲ...?

"Yoလေး အားနည်းပြီး သတိလစ်သွားလို့ ဆေးရုံ ရောက်နေတာလေ..."

ကျွန်တော့်အတွေးတွေထဲ အနာကျင်ဆုံး အခိုက်အတန့်ကို သတိရလာမိပြီး ရင်ထဲ မွန်းကြပ်သွားအောင် ခံစားလိုက်ရတယ်... ရုတ်တရတ် ကျွန်တော် ကုတင်ပေါ်ကနေ ကုန်းထလိုက်တယ်... ခြောက်ခြားနေတဲ့ စိတ်သောကတွေက ကျွန်တော့်ကို စိတ်မချနိုင်ဖြစ် စေပြီး အပူမီးတွေ တောက်လောင်လာစေတယ်... P'Pha..... ကျွန်တော် သူ့ဆီသွားရမယ်... ကျွန်တော့်ဆီ ပြန်လာပါလို့ တောင်းဆိုရမယ်... သူကျေနပ်တဲ့ အထိကျွန်တော် တောင်းပန်ရမယ်.. P'Pha....

"Yo... သားလေး.... အတင်းမထလိုက်နဲ့ဦး လူက အားနည်းနေသေးတယ်... ခဏနားပါဦး...."

Yo--ဟင့်အင်း.... သားသွားရမယ်... သား သွားမှ ဖြစ်မှာ.... မဟုတ်ရင်.... မဟုတ်ရင် သားသူ့ကို ဆုံးရှုံးရလိမ့်မယ်... သူ သားကို နားလည်ပေးလာအောင် သားကြိုးစား ဖျောင်းဖျရမယ်.. မား.... သား သွားပါရစေ...

လူက ယိုင်နဲ့နေတဲ့ ကိုယ်ကို မထိန်းနိုင်ဘဲ အတင်း ကုန်းရုန်းပြီး ကုတင်ပေါ်က ဆင်းလိုက်ပေမယ့် ခြေထောက်တွေဆီမှာ ခွန်အားတွေမရှိဘဲ ကြမ်းပြင်ပေါ် ပုံရက်သား ပျော့ခွေ လဲကျ သွားတယ်... မားက အပြေးလာထူရင်း ကျွန်တော့်ကို နူးညံ့စွာ နားချတော့တယ်..

"Yoလေး... သားရယ်... အရင်နေကောင်းအောင် နေပါ.... ပြီးမှသားသွားချင်တဲ့နေရာကို သွားပါ... အခု နားနားနေနေ ကုတင်ပေါ် လှဲနေပါသားရယ်..."

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Onde histórias criam vida. Descubra agora