Wayo- POV
ညနေစောင်းတော့ ကျွန်တော့်ဖုန်းမြည်သံ ကြားလိုက်ရတယ်… ဒါနဲ့ ဖုန်းကို အသံပိတ်ပြီး လူရှင်းတဲ့ဘက်ထွက်ခဲ့လိုက်တယ်… ပြီးမှ ဖုန်းကို ဖွင့်ပြီး…
Yo-- Hello…
“ အားလုံးအဆင်သင့်ဖြစ်ပါပြီ သခင်လေး… ! ”
Yo-- ကောင်းပြီ U Tan ရုံးခန်းကို ကျွန်တော် လာခဲ့မယ်…!
စကားကို တိုတိုပဲပြောပြီး ဖုန်းချလိုက်တယ်… နောက်တော့ ရုံးခန်းထဲ ပြန်ဝင်လာပြီး P'Pha ရုံးခန်းဆီ ဝင်သွားလိုက်တယ်…
Yo-- P'Pha…!
ကျွန်တော့်ခေါ်သံကြောင့် ဖိုင်စာရွက်လှန်ရင်း P'Pha မော့ကြည့်လိုက်တယ်…
Yo-- တောင်းပန်ပါတယ်… ကျွန်တော် ဒီနေ့ ကိစ္စရှိလို့ အိမ်ပြန်တော့မယ်နော်…!
P'Phaကမျက်နှာ တစ်ချက်ညိုသွားသလို ဖြစ်သွားပြီး မျက်နှာသေလေးနဲ့…
Pha-- ကောင်းပြီလေYo… Yoလဲ ပင်ပန်းနေမယ် နားလိုက်တော့…!
ကျွန်တော် ဘာမှဆက်မပြောဘဲ တစ်ချက်ပြုံးပြပြီး ကျွန်တော်ပိုင်ဆိုင်တဲ့ ကျောပိုးအိတ်လေးပဲ ကောက်ကိုင်ကာ ရုံးခန်းထဲက ပြေးထွက် သွားလိုက်တယ်…
ဓါတ်လှေကားရောက်တော့ သာမန်ဝန်ထမ်းတွေ အတွက် တားမြစ်ထားတဲ့ ရာထူးမြင့်တဲ့သူတွေပဲ ရှိတဲ့ ဌာနခွဲအထပ်ကို ကျွန်တော် နှိပ်လိုက်တယ်… တော်သေးတယ်… ဓါတ်လှေကားထဲ ဘယ်သူမှ ရှိမနေလို့…! အပေါ်ထပ်ကို ရောက်တော့ ဓါတ်လှေကားရှေ့မှာ ကျွန်တော့်ကိုကြိုဖို့ လူတစ်ယောက် U Tan လွှတ်ထားပုံရတယ်… ကျွန်တော့်ကို မြင်တော့ အဲဒီ့သူက ဦးညွှတ်ပြီး ရှေ့ကနေ လမ်းပြခေါ်သွားပေးတယ်… ကျွန်တော်လဲ အသာလိုက်သွားပြီး ဖွင့်ပေးထားတဲ့ တံခါးထဲကို ဝင်လိုက်တော့ U Tan က မတ်တပ်ရပ်ရင်း ကျွန်တော့်ကို ဦးညွှတ်လိုက်တယ်…
U Tan-- Sawaddee Krub … သခင်လေး…!
ကျွန်တော်လဲ ခေါင်းညိတ်ပြပြီး စားပွဲမှာ ဝင်ထိုင်လိုက်တယ်… U Tanက မတ်တပ် အနေအထားနဲ့ပဲ ကျွန်တော့်ကို ဖိုင်တွဲတစ်ချို့ကို တရိုတသေနဲ့ကမ်းပေးတယ်… ကျွန်တော် လှန်လှော ကြည့်ရင်း မေးလိုက်တယ်…
ESTÁS LEYENDO
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanficThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...