Worst Day... Lucky Day

1.7K 128 10
                                        

Wayo-POV

“Pha!!!”

Pha--Green……

ခေါ်သံကြောင့် P'Phaရော ကျွန်တော်ရော မော့ကြည့်မိတော့…

P'Green…

ဒေါသရိပ်တွေနဲ့ မေးခွန်းပေါင်းစုံပါနေတဲ့ မျက်ဝန်းတွေက ကျွန်တော့်ကို မင်သက်နေမိစေတယ်… P'Phaကတော့ ကျွန်တော့်ကို ဖက်ထားတဲ့လက်ကို လွှတ်လိုက်ပြီး မတ်တပ်ရပ်လိုက်တယ်…

Pha-- Green…

P'Phaပြောမယ့်စကားကို P'Green ကဖြတ်ပြောလိုက်တယ်…

Green-- ဒါက ဘယ်လိုတွေဖြစ်နေတာလဲ… မနေ့ကတည်းက Green ဖုန်းခေါ်နေတာကို လုံးဝမကိုင်ဘဲ အခု ဒီကောင်လေးနဲ့ ဘာလို့ အတူရှိနေရတာလဲ…?

Pha-- အပြင်သွားရအောင် Green… ကိုယ်ရှင်းပြမယ်…

ခြေသံပြင်းပြင်းနဲ့ မျက်မှောင်ကြုတ်ရင်း ဆိုင်ပြင်ကို ထွက်သွားတော့ P'Phaက ကျွန်တော့်ကို အားနာသလို ကြည့်ရင်း…

Pha-- Yo… P'နဲ့ခဏလိုက်ခဲ့ပါ…

ကျွန်တော်လဲခေါင်းညိတ်ရင်း P'Phaနောက်ကို လိုက်ဖို့ သဘောတူလိုက်တယ်… P'Greenရဲ့ပုံစံကြောင့် ကျွန်တော် နည်းနည်းတော့ လန့်မိပါတယ်…

ဆိုင်ပြင်က ကားပါကင်ရောက်တော့ P'Greenက ကျွန်တော်တို့နှစ်ယောက်ကို လက်ပိုက်ရင်း စူးစူးရဲရဲ စိုက်ကြည့်နေတယ်… P'Phaက ကျွန်တော့်လက်ကို အသာလှမ်းဆုပ်ကိုင်ရင်း ခေါ်လာတယ်…

ကျွန်တော်တို့လက်တွဲထားတာကို P'Green က မျက်မှောင်ကြုတ်ကြည့်ရင်း မကြာခင်ပေါက်ကွဲတော့မယ့် မီးတောင်လို ဒေါသငွေ့တွေ လျှံတက်လာတာကို သတိထားမိတယ်၊ ကျွန်တော် ရင်တုန်နေမိပါတယ်… သူမရဲ့ မျက်လုံးတွေကိုတောင် တည့်တည့် မကြည့်ရဲမိတဲ့အထိ ကြောက်နေမိတယ်… ဘာလို့လဲ… ကျွန်တော်က သူမလက်ထဲက P'Phaကို လုနေသလို ဖြစ်နေတယ်လို့ ထင်ရတာကိုး… ဒါပေမယ့် အနားမှာ P'Phaရှိနေတာပဲ… ကျွန်တော့်ကို ကာကွယ်ပေးမယ့်သူ ရှိနေတာပဲလို့ တွေးမိတော့လဲ စိတ်ထဲ နည်းနည်း သက်သာသွားတယ်…

Pha-- Green… ကိုယ်မင်းကို ပြောစရာတွေ ရှင်းပြစရာတွေရှိတယ်…

Green--ပြောပါဦး…! မနေ့က Daddy နဲ့တွေ့ပြီး အဆက်အသွယ်မလုပ်တဲ့အကြောင်းရယ်… ဒီကောင်လေးနဲ့ ကြိတ်ပုန်းခုတ်နေတဲ့ ကိစ္စရယ်… တခုခုပြောတာကို နားထောင်ချင်လွန်းလို့ စောင့်နေတာ…

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now