WAYO-POVဟိုကြည့် ဒီကြည့်နဲ့ P'Pha ကိုရှာနေရင်း အခန်းထဲက ထွက်လာလိုက်တယ်... Hotel ရဲ့ Lobby မှာများ ရောက်နေတာလားလို့ ထင်ပြီး.. ခြေလှမ်းပြင်လိုက်တယ်...
"×^#^#_@££#&#£@"
ရုတ်တရတ် ပန်းခြံဘက်က အသံတွေ ထွက်နေတာကို သတိထားမိတော့ ကျွန်တော် ခြေလှမ်းတွေ ရပ်တန့်သွားမိတယ်...
ဘာအသံတွေမှန်းမသိပေမယ့် လူအများ ရုန်းရင်းဆန်ခတ်ဖြစ်နေပုံတော့ ရတယ်... ဒါကြောင့် စိတ်ဝင်စားမိပြီး ပန်းရုံတွေဘက်ကို လှမ်းကြည့်မိလိုက်တယ်..
အင်္ကျီအမဲဆင်တူ ဝတ်ဆင်ထားတဲ့ လူလေးငါးယောက်က လူတစ်ယောက်ကို ဝိုင်းပြီး ထိုးကြိတ် ရိုက်နှက်နေပုံရတယ်..
သေချာအောင် ရှေ့တိုးကြည့်မိတော့ ကျွန်တော် ထင်တဲ့အတိုင်း...
Yo--P'Pha........!!!!
အထိတ်တလန့်အော်ရင်း အဲဒီ့နားကို အပြေးသွားလိုက်တယ်... ကျွန်တော့် အော်သံ ကြောင့် P'Pha ကိုဝိုင်းရိုက်နေကြတဲ့သူတွေ ရပ်တန့်သွားတယ်...
မြေကြီးမှာ သွေးတွေနဲ့ မျက်နှာတစ်ခုလုံး ဖူးယောင်ညိုမဲနေအောင်ထိုးကြိတ် ရိုက်နှက်ခံထားရ တဲ့P'Phaနား အသဲအသန်ပြေးသွားရင်း P'Phaကို ဆွဲထူလိုက်တယ်...
Yo--P'Pha....!!
ရုတ်တရတ်ပြန်မထူးနိုင်လောက်အောင် အထိုးနှက် ခံထားရတဲ့P'Pha က ကျွန်တော်အနား ရောက်လာမှန်းသိတော့ မျက်လုံးအသာဖွင့်ရင်း ကျွန်တော့်နာမည်ကို တိုးဖျော့စွာခေါ်ပြီး ခွန်အား မဲ့စွာကျွန်တော့်ရင်ခွင်ထဲမှာ နုံးခွေနေတယ်..
Yo--P'... !! သတိထားပါဦး..!!
ပြီးတော့ အနားက လူတွေကို မော့ကြည့်ရင်း...
Yo--ခဗျားတို့က ဘယ်သူတွေလဲ..! ဘာကြောင့် လူတစ်ယောက်ကို ရက်ရက်စက်စက် ထိုးကြိတ်ထားရတာလဲ..!
ကျွန်တော့်အမေးကို သူတို့က ပြန်မဖြေပါ.. ကျွန်တော်ပြေးဝင်လာလို့P'Pha ကို ဝိုင်းရိုက်နှက်နေတာ ရပ်လိုက်ပေမယ့် ခုထိ P'Pha ကို ရန်ရှာချင်သေးတဲ့ မျက်နှာတွေနဲ့ပါ...
Yo--ပြောလေ...! ခဗျားတို့ကို ရဲတိုင်လိုက်ရမလား..
ကျွန်တော့်စကား မဆုံးခင် ပန်းခြံအကွယ်က လူရိပ်တွေ ထပ်ထွက်လာတယ်.. လူရိပ်မြင်လို့ လှည့်ကြည့်လိုက်တော့.....
YOU ARE READING
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...