Ming- POV
“ လူနာက နှလုံးအားနည်းရောဂါ ရှိတယ်…! စိတ်ထိခိုက်စရာတို့… ဝမ်းနည်းစရာ ကိစ္စတွေတို့ စိတ်ကိုလှုပ်ရှားစေမယ့်ကိစ္စတွေကို အခုချိန် မပြောတာ အကောင်းဆုံးပဲ…!”
Ming-- ဟုတ်ကဲ့ Doctor!
Doc-- အခုတော့ အခြေအနေက တည်ငြိမ်သွားပါပြီ… နောက် တစ်ရက်နှစ်ရက်ဆို ဆေးရုံက ဆင်းလို့ရပြီ!
Ming-- ဟုတ်ကဲ့ …
ကျွန်တော် ဆရာဝန်အခန်းထဲက ထွက်လာပြီး သက်ပြင်းကို ပြင်းပြင်း ချလိုက်မိတယ်… အရင်ကထက် ပိန်သွားတဲ့ Sweety ကို စမြင်မြင်ချင်းကတည်းက သတိထားမိပြီးသားပါ… ကျွန်တော်တို့နှစ်ယောက်ဇာတ်လမ်းက အဆုံးသတ် ပြီးသွားခဲ့ပြီဆိုပေမယ့် Sweety အတွက် စိုးရိမ်မိတဲ့ အရင်တုန်းက သံယောဇဉ်တော့ အမျှင်တန်းနေတုန်း ပါပဲ… ကျန်းမာရေးအခြေအနေ မကောင်းသေးတဲ့ Sweety ကို အထိုက်အလျှောက်တော့ စိတ်ချမ်းသာအောင် နေပေးရမယ်ထင်တယ်… အမြဲတမ်း ခေါင်းမာတတ်တဲ့ Sweety က ဘယ်တော့မှ သူ့အားနည်းချက်ကို ပွင့်ပွင့်လင်းလင်း ဖွင့်မပြောတတ်ပါဘူး…သူ့အားနည်းချက်ကြောင့် ရလာမယ့် အခွင့်အရေးကိုလဲ သနားတဲ့စိတ်ကြောင့် ပေးတာဆိုပြီး ကိုယ်ပိုင်မာနနဲ့ ငြင်းဆန်ပေါက်ကွဲ နိုင်ပါတယ်… ဒါကြောင့် ကျွန်တော် သူ့အကြောင်းကို သိပြီး သူ့ရောဂါကြောင့် လိုက်လျော ပေးရတယ်ဆိုတာ မသိအောင် ခဏတော့ ဖုန်းကွယ်ထားရပါမယ်၊
Sweety ရှိတဲ့ ဆေးရုံအခန်းထဲကို တံခါးတွန်းဖွင့်ရင်း ဝင်လာလိုက်တယ်…
Ming-- နိုးနေပြီလား Sweety!
Sweety-- Ming…! ငါ နင့်ကို ဒုက္ခပေးမိပြန်ပြီလား…?Ming-- မဟုတ်ပါဘူး… နင်ရုတ်တရတ် မူးလဲတော့ ငါ စိတ်ပူသွားမိတာ…!
Sweety-- နင်ငါ့ကို စိတ်ပူတယ်…?
Ming-- အင်းပေါ့…! နင် သိပ်နေမကောင်းသေး ရင် နားလိုက်ဦး…! ခုနက ငါ နင့်ကို နာကျင်အောင် ပြောမိတယ်… Sweety… တောင်းပန်ပါတယ်…! ငါ ဆိုလိုတာက ငါတို့တွေရဲ့အတိတ်က ဒဏ်ရာတွေနဲ့ မို့လို့ ဒီအတိုင်း မေ့ပစ်ပြီး သူငယ်ချင်းတွေလိုပဲ ရှေ့ဆက်ခင်သွားကြတာပေါ့…Sweety-- ဟင့်အင်း… Ming…! ငါ နင့်ကို ချစ်နေတုန်းပဲ… မဟုတ်ဘူး…! ငါနင့်ကို ချစ်တဲ့ အချစ်က တစ်စက်မှ ပြောင်းလဲခဲ့တာ မဟုတ်ဘူး… ငါဟိုမှာ သွားနေပြီး ငါ့ဘဝအတွက် ငါ့လမ်းငါလျှောက်ခဲ့ပေမယ့် နင့်ကို ငါ တစ်နေ့မှ မေ့မရခဲ့ဘူး… ငါ မှားခဲ့တဲ့ အမှားတွေကို တောင်းပန် ပြင်ဆင်ပြီး နင်နဲ့ ဘဝတစ်ခု ထူထောင်ဖို့ ငါ အားလုံးကို စွန့်လွှတ်ပြီး ပြန်လာခဲ့တာ…!
![](https://img.wattpad.com/cover/125883696-288-k515873.jpg)
KAMU SEDANG MEMBACA
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
Fiksi PenggemarThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...