Forth-POV
ခွဲစိတ်ခန်းရှေ့မှာ အချိန်တော်တော်ကြာစောင့်ရင်း.. အိပ်ချင်ငိုက်မြည်းလာပါတယ်... ထိုင်ခုံတွေဆီမှာ တောင့်တောင်ကြီးထိုင်ရင်းနဲ့ ညောင်းလာသလို ဖြစ်မိလာတယ်... မတ်တပ်ရပ်ပြီး ဟိုလျှောက် ဒီလျှောက်လုပ်နေရင်းနဲ့ အရေးပေါ်ခွဲစိတ်ခန်းတံခါး ရုတ်တရတ် ပွင့်လာတယ်...
ကျွန်တော်လှမ်းကြည့်ရင်း အစိမ်းရောင် ခွဲစိတ်ခန်းဝတ်စုံတွေ ဝတ်ထားတဲ့ ဆရာဝန်တွေကို လှည့်ပတ်ကြည့်လိုက်တယ်... ကျွန်တော် တွေ့ချင်တဲ့ Dr.Beamကို မတွေ့ရသေးပါဘူး... ခဏနေတော့မှ.. အိပ်ချင်မူးတူးနဲ့ ခြေလှမ်း ယိုင်တိုင်တိုင်နဲ့ ထွက်လာတယ်... ကျွန်တော်လဲ ဝမ်းသာအားရနဲ့ သူ့ရှေ့ကို သွားရပ်လိုက်တယ်...
Beam--ဘုရားကြီး ငုတ်တုတ်....!!! လန့်လိုက်တာ..
Forth-- မင်း ကိုယ့်ကို မှတ်မိသေးရဲ့လား...
Beam-- ခဗျား...!!ခဗျား ဒီကိုဘယ်လိုလုပ် ရောက်နေတာလဲ..??
Forth-- ဒီမှာလေ.... ဒါလေးကြောင့်ပေါ့...!!
ကျွန်တော့်လက်ထဲက ဝန်ထမ်းကဒ်ကို မြင်သာအောင်ပြပြီး.. ပြောလိုက်တယ်...
Beam--အဲဒါကို ဘယ်ကရှာတွေ့တာလဲ...
Forth-- ကိုယ့်ကားထဲမှာလေ... ဒီကဒ်ကို ပြန်ပေးချင်လွန်းလို့ မင်းကို 7နာရီ ကျော်ကျော်လောက် ဒီမှာ စောင့်လိုက်ရတာ
Beam--ဘာလို့စောင့်နေတာလဲ... Reception မှာ အပ်ပြီးပေးခိုင်းလဲ ရရဲ့သားနဲ့...
အယ်...ဟုတ်သား...ဒါကိုဘာလို့ မစဉ်းစား မိတာပါလိမ့်...!တုံးတယ်တော့ အပြောမခံနိုင်ပါဘူး.. မင်သေသေနဲ့ ပြန်ပြောမှ..
Forth-- မင်းကိုလဲ ကိုယ်တိုင်ပေးလိုက်ချင်လို့လေ.. ဒါမှ ကျေးဇူးစကားလေးဘာလေး ကြားရမှာ...
Beam--ကျေးဇူးစကားတစ်ခွန်းအတွက်နဲ့များ အကြာကြီးထိုင်စောင့်နေရတယ်လို့... ခဗျားကတော့ စံပဲ....
Forth -- တွေ့လား... အကောင်းနဲ့ မြင်ပေးကြည့်လို့ မရဘူးလား... ဒီလောက်စောင့်နေခဲ့ရတာတောင် မင်းဆီက ခပ်ရွဲ့ရွဲ့ စကားတွေပဲ ကြားနေရတယ်.. ခုနကနဲ့ကွာပ... ခုနကတော့ မင်းကို ရုပ်ရှင်ထဲက သူရဲကောင်းအတိုင်း သဘောကျလိုက်ရတာ... အခုတော့ ထင်ထားသလို တုံ့ပြန်မှုလဲ မရဘူး...
![](https://img.wattpad.com/cover/125883696-288-k515873.jpg)
ESTÁS LEYENDO
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanficThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...