Pha-POV
Happy-- P'Pha. ..! Khun Tanကသူ့ရုံးခန်းဆီ လာခဲ့ပါတဲ့...!
Pha --ကောင်းပြီ ..!အလုပ်တွေဖိလုပ်နေရင်းက U Tanခေါ်တယ် ဆိုလို့ သွားရဦးမယ်... ဒီရက်တွေမှာ ကျွန်တော် Yoကိုတွေ့ခွင့်မရနိုင်သေးသလို နှစ်ယောက်အတူ နီးစပ်ဖို့ကိစ္စကိုလဲ မစဉ်းစားနိုင်သေးပါ.. လက်ထပ်ရတော့မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး Yoစိတ်ညစ်နေသလို ကျွန်တော်လဲ ရင်ထိတ်နေမိတယ်..
သူ့အဖေစီစဉ်တဲ့ ကိစ္စကိုဆန့်ကျင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး... ကျွန်တော့်မှာ အားနည်းချက်မရှိပေမယ့်လဲ သူ့သားရဲ့ ချစ်သူအဖြစ် လက်ခံပေးဖို့အထိတော့ Mr.Seint က နားလည်ပေးမှာမဟုတ်ဘူးဆိုတာ သေချာ ပါတယ်...
သူ့သားအတွက်စီစဉ်တာတွေ အများကြီးပါ.. တစ်ဦးတည်းသောသားဖြစ်တဲ့အတွက် Yoငြင်းဆန်လို့ မရတဲ့ နာခံရမယ့်တာဝန်တွေ သူ့မှာ ရှိနေပါတယ်...
ကျွန်တော့်ကြောင့် Yoအခက်တွေ့မှာ မလိုလား ပေမယ့် ကျွန်တော်တို့နှစ်ယောက် ဝေးရလောက်မယ့်အထိ ရင်ကွဲမခံနိုင်ပါ...
Yoရယ်.. ကိုယ်ဘယ်လိုရှေ့ဆက်ရမလဲ...
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
Pha --ဟုတ်ကဲ့ U Tan...!
U Tan -- သခင်လေးကိစ္စကို မင်းတာဝန်ယူပေး နေရတယ်ဆို...!ဟုတ်ပါတယ်... ဒါ ကျွန်တော့်အတွက် ဝဋ်ဒုက္ခ တစ်မျိုးပါပဲ.. Yoရဲ့Daddy အမိန့်နဲ့ ကွန်တော်က ကိုယ့်ချစ်သူလက်ထပ်ဖို့အတွက် တရားခွင်ရှေ့နေ တစ်ယောက်အနေနဲ့ တာဝန်ယူပေးနေရပါတယ်.. သွေးမတိတ်တဲ့အနာကို ဆားနဲ့သိပ်သလို အသည်းခိုက်အောင် နာကျင်မိပါတယ်... ခေါင်းကို ငုံ့ထားရင်း တိတ်ဆိတ်နေမိစွာ ဝန်ခံလိုက်မိတယ်..
U Tan-- Phana ဒီကိစ္စတွေပြီးရင်... မင်းအမေနဲ့ အတူ ဟိုမှာသွားနေလိုက်ပါ... အလုပ်ကိစ္စတွေ အားလုံး စီစဉ်ပေးထားတယ်..စိတ်သစ်လူသစ်နဲ့ မင်းအိမ်မက်တွေကို အကောင်အထည်ဖော်ပါ..
Pha--U Tan....ကျွန်တော် မသွားချင်ဘူး...
U Tan--ခေါင်းမမာချင်စမ်းပါနဲ့ Phana.. အားလုံးဟာ မကြာခင် အဆုံးသတ်တော့မယ်.. မင်းရှေ့ဆက်မယ့်ခြေလှမ်းကိုပဲ အာရုံစိုက် ထားတော့...
KAMU SEDANG MEMBACA
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
Fiksi PenggemarThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...