🔞🔞Mature content warning 🔞🔞
ဤအပိုင်းတွင် Erotic content များ ပါဝင်နိုင်မှာမို့လို့ မနှစ်သက်လျှင် သို့ အသက်မပြည့် သေးလျှင် ကျော်ဖတ်လို့ ရပါတယ်...🔞🔞🔞
🙈🙈 warning by
Zaw Zaw (Moonchild 🌙)
Pha-POV
ကျွန်တော် သတိရလာမိတော့ မြင်မြင်သမျှဟာ မှောင်မဲနေတယ်... သေချာသတိထားကြည့်မိတော့ ကျွန်တော့် မျက်လုံးကို အဝတ်နဲ့ ဖုံးအုပ်ထားတာပဲ... လက်နဲ့ ခြေထောက်ကိုလှုပ်ကြည့်တော့ လှုပ်လို့မရပါ.. ကျွန်တော့်ကို ကုတင်ပေါ် ပက်လက်အနေအထားနဲ့ ခြေထောက်နဲ့လက်ကို ကြိုးချည်ထားတယ်ဆိုတာကို သိလိုက်တယ်... အတင်းရုန်းကန်ကြည့်ပေမယ့်လဲ တင်းကြပ်စွာ ချည်နှောင်ထားလို့ လှုပ်ဖို့တောင် မလွယ်ကူပါဘူး...
ဒါနဲ့ပဲ ကယောင်ကတမ်း ကျွန်တော် အော်တော့တယ်...
Pha--လွှတ်စမ်း...! ဘယ်သူလဲ...!ဘယ်သူအနားမှာ ရှိလဲ...?? ဘာလို့ ကျွန်တော့်ကို ဖမ်းထားတာလဲ..? ဒါပြန်ပေးဆွဲမှုနော်... အမှုကြီးတယ်... အခုချက်ချင်း ပြန်လွှတ်ပေး.... ဟေ့လူတွေ....ပြောနေတယ်လေ... လွှတ်ပေးဆို.....ခဏနေတော့ ကျွန်တော့်နားကို လျှောက်လာတဲ့ ခြေသံကို ကြားလိုက်တယ်.. မြင်တော့ မမြင်ရပေမယ့် ရမ်းသမ်းပြီး လှမ်းပြောလိုက်တယ်..
Pha-- ဘယ်သူလဲ.... ခဗျားတို့ ကျွန်တော့်ကို ဘာလို့ ဖမ်းခေါ်လာတာလဲ...? ဒါ ပြစ်မှုနော်... အခုပြန်လွှတ်ပေး...
ဘာခွန်းတုန့်ပြန်သံမှမကြားဘဲ ခြေသံသဲ့သဲ့နဲ့ ကျွန်တော့်နား လျှောက်လာသံကြားရတယ်... ကျွန်တော့် ဦးနှောက်ထဲမှာ အပြေးအလွှား စဉ်းစားနေမိတယ်... ဘယ်သူတွေက ကျွန်တော့်ကို ဒုက္ခပေးချင်နေရတာလဲ...ကျွန်တော်က ရှေ့နေ တစ်ယောက်ဆိုတော့ ရန်သူတွေများ ရှိနိုင်တာလား..
တစ်ယောက်တည်း စဉ်းစားခန်းဝင်နေတုန်း ကုတင်ပေါ် လူတစ်ယောက် တက်လာသလို ငြိမ့်ခနဲ လှုပ်သွားတာကို သတိထားလိုက်မိတယ်..
Pha-- ခဗျားဘယ်သူလဲ...? ကျွန်တော်နဲ့ ဘာရန်ငြိုး ရှိလို့လဲ...
ကျွန်တော်မေးသမျှကို တစ်ခွန်းမှ ပြန်မပြောဘဲ တိတ်ဆိတ်နေတော့ ကျွန်တော် ပိုအသဲယား လာမိတယ်...
ESTÁS LEYENDO
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanficThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...