WAYO-POV
တရေးနိုးလာတဲ့အခိုက်မှာ.. ကျွန်တော့်ကို တင်းကြပ်နေအောင် ဖက်ထားတဲ့ P'Pha လက်ကို မွန်းကြပ်လွန်းလို့ တွန်းဖယ်လိုက်တယ်.. နောက်တော့မှ မနက်ရောက်ရင် အလုပ်သွားမယ့် သူ့ကို ကျွန်တော်လွမ်းနေရဦးမှာပါလားလို့ ပြန်တွေးမိတဲ့ အခိုက်မှာ ဒီလိုအချိန်တွေကအစ နှမြောမိလို့ သူ့နားမှာ နေခွင့်ရတုန်းလေး တန်ဖိုးထား ရမယ်ဆိုပြီး သူ့နားပြန်ကပ်ကာ တိုးဝှေ့ဖက်ထားလိုက်တယ်.. အိပ်မောကျနေတဲ့ P'Pha ကတော့ ဘာမှမရိပ်မိပေမယ့် အိပ်ရာထဲ ကျွန်တော်တစ်ယောက်တည်း ဗျာများနေမိတယ်.. အခုပဲ တွန်းဖယ်လိုက် အခုပဲ ယုယုယယ ထွေးပွေ့ဖက်လိုက်နဲ့ အရူးတစ်ယောက်လို...
မိုးမလင်းအောင် ဆုတောင်းရင်းနဲ့ပဲ သူ့ရင်ခွင်ထဲမှာ ကျွန်တော် အိပ်ပျော်သွားတယ်... မနက်ရောက်တော့....
ထုံးစံအတိုင်းပဲပေါ့....
အလုပ်သွားဖို့ ယောက်ယှက်ခတ်နေအောင် စိုင်းပြင်းနေတဲ့ သူ့ကိုကြည့်ရင်း အမြင်ကပ်မိတယ်..
Kit --Yo... မနေ့က သောက်တာများလို့ ဗိုက်နာသေးလား...
Yo--ဟင့်အင်း...
P'Kit အမေးကို လှည့်မကြည့်ဘဲ ဖြေလိုက်တယ်.. မျက်လုံးတွေက P'Pha ဆီမှာပဲအကြည့်တွေရောက် နေတယ်.. နောက်တော့ စားပွဲပေါ်က နွားနို့ခွက်ကို မော့သောက်ရင်း အလုပ်သွားဖို့ ပြင်ဆင်တော့တယ်.. ကျွန်တော်မျက်နှာကို စူပုတ်ရင်း ငိုမဲ့မဲ့ လုပ်မိရုံမှတပါး..😢😢😢
P'Pha ကတံခါးဝနားရောက်ခံနီးမှ နောက်တကျော့ ပြန်လှည့်လာပြီး.. ခေါင်းငုံငြိမ်သက်နေတဲ့ ကျွန်တော့်နဖူးကို ငုံ့နမ်းရင်း ....
Pha -- ကိုယ်သွားတော့မယ်နော်Yo..
စိတ်ကိုမနည်းထိန်းထားပါတယ်ဆိုကာမှ သူက ဒီလိုယုယုယယငုံ့နမ်းတော့ ကျွန်တော် မနေနိုင်တော့.. သူ့ခါးက ခါးပတ်ကို လှမ်းဆွဲရင်း...
Yo--မသွားပါနဲ့....😟😟😟 မသွားပါနဲ့P'...😦😦
P'Pha တစ်ချက်တွေဝေသွားတာကို ကျွန်တော် လှမ်းမြင်လိုက်ရတယ်..အဲဒါ အကွက်ကောင်းပဲ...
Yo-- Yoလေ...Yo....
နောက်ထပ်ပိုခိုင်မာတဲ့ အကြောင်းပြချက် တခုခုနဲ့ သူ့ကိုဆွဲထားရမယ်လို့ ကြံလိုက်မိတယ်.. ဘယ်လိုကြံရမလဲ....
YOU ARE READING
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...
