Beginning 🌅🌅

1.3K 103 26
                                        

Beginning 🌅🌅🌅

WAYO-POV

ကျွန်တော် ပါးစပ်အဟောင်းသားနဲ့အံ့ဩလို့ မဆုံးနိုင်သေးဘူး.. အခန်းတစ်ခုလုံးကို မျက်လုံးနဲ့ ဝေ့ပတ်ကြည့်ရင်း ခုထိ စိတ်လှုပ်ရှားနေမိတုန်းပဲ.. ကျွန်တော့်မှာ လွတ်လပ်တဲ့ ကိုယ်ပိုင်ဘဝလေးကို အတိတ်မှာ ရခဲ့တယ်ပေါ့လေ.. ဒီအခန်းလေးက ကျွန်တော်ပထမဆုံး မိဘအရိပ်အောက်က ထွက်ပြီး လွတ်လွတ်လပ်လပ်နေခဲ့ဖူးတဲ့ အမှတ်တရများစွာကို သိမ်းဆည်းပေးထားတဲ့ နေရာလေးတဲ့..!

အခန်း အပြင်အဆင်အနေအထားက လုံးဝကို ကျွန်တော့် စတိုင်ပါ... ကျွန်တော်ကြိုက်တဲ့ အပြင်အဆင်နဲ့ ပေါ့ပေါ့ပါးပါး လွတ်လပ်စွာကျွန်တော့်အတွက် ခမ်းနားနေတယ်.. ကြည့်မဝနိုင်စွာ စိတ်လှုပ်ရှားနေတုန်း...P'Pha က ကျန်တော့်ကို စူးစိုက်ကြည့်ရင်း...

Pha --ဘယ်လိုလဲYo... စိတ်သက်တောင့် သက်သာဖြစ်ရဲ့လား.. ဒီနေရာလေးက Yoအရင်က နေခဲ့ဖူးတဲ့အတိုင်းပဲ ထားထားတာ.. အလိုမကျတာ ရှိရင် ကိုယ့်ကိုပြောနော်...

Yo--အင်း😶😶😶

Kit -- ဒီကိုရောက်တော့ ဘယ်လိုခံစားရလဲ Wayo.. တစ်ခုခုကို အမှတ်မထင် သတိရတာမျိုး ဖြစ်မိလား..?

Yo--ဟင့်အင်း..!မှတ်မိတာမျိုးတော့ မရှိပါဘူး..! ဒါပေမယ့် ခေါင်းထဲ ငြီးစီစီကြီးဖြစ်လာမိတယ်..

Kit --အများကြီးမစဉ်းစားပါနဲ့ Wayo..! တဖြေးဖြေးနဲ့ ဒီနေရာကို ရင်းနှီးလာမှာပါ..

ကျွန်တော်ခေါင်းကိုကိုင်ရင်းမျက်နှာနည်းနည်းပျက် နေတော့P'Pha ကစိတ်ပူတဲ့ မျက်နှာရိပ်နဲ့..

Pha -- Yo.. အခုမှ နလန်ထလာကာစဆိုတော့ နားလိုက်ဦးနော်.. အများကြီးမစဉ်းစားနဲ့.. ကိုယ့်ကို Yoစိတ်တိုင်းကျ ဖြစ်ချင်တာကိုပြော..

Ming --စိတ်ပူမနေကြပါနဲ့ဗျာ..Yoက အဲလောက်ထိ မပျော့ညံ့ပါဘူး.. လာ..သယ်ရင်း.. ငါပြမယ်..

Ming က ကျွန်တော့်ပခုံးကိုဖက်ရင်း ဆွဲခေါ်သွားတယ်...

Ming --ဒါ..မင်းအခန်း..!မင်းနဲ့P'Pha တို့ရဲ့ ချစ်ရိပ်မြုံလေးပေါ့ကွာ😆😆

Yo-- ???😶😶😶

Ming --ငါနဲ့Drတို့က မျက်နှာချင်းဆိုင်အခန်းမှာ ရှိမယ်..!

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now