Pha-POV
တော်သေးတယ်.. ဖြေရှင်းလို့ ရခဲ့လို့..Yoလေး ဆိုသည်မှာ ကလေးဆန်ဆန်နဲ့ အလွန်ပဲ ချစ်ဖို့ကောင်းတဲ့ ကောင်လေး တစ်ယောက်ပါပဲ.. ဘယ်လောက်ပဲစိတ်ခုနေပါစေ ကျွန်တော် ချော့လိုက်ရင် ကလေးတစ်ယောက်လို ပျော့ညံ့သွား ပြီး စိတ်ပြေတတ်တယ်.. လွယ်လွယ်နဲ့တော့ ဖြေရှင်းလို့ ရခဲ့တာတော့မဟုတ်ပါဘူး... တညလုံး အရစ်ခံနေရပြီး သတိရတိုင်း လူလိမ်တစ်ယောက်လို မယုံတဲ့ အကြည့်တွေနဲ့ စကားနာထိုးတတ်သေးတယ်..
ကိုယ်တိုင်ကလဲ မှားခဲ့တာဆိုတော့ သူရစ်သမျှ ခံရုံပဲ ရှိတော့တာပေါ့.. Yoလေးက သဝန်တိုတတ်မှန်း မသိခဲ့ပါဘူး.. သူ့နားမှာ လက်ထပ်ဖို့ မိန်းကလေးနဲ့ အတူ ရှိနေတာကို ကျွန်တော်က သဝန်တိုရမယ် မကြံရဘူး.. ဇာတ်လမ်းပြတ်သွားပါပြီဆိုတဲ့ Green နဲ့အတူရှိနေတာ တွေ့မိလို့ သူ့ကို စိတ်ကျေနပ်အောင် ကျွန်တော်က ပြန်ချော့နေရတယ်...
တော်ရုံဆိုအရက်ကိုမသောက်တတ်တဲ့ Yoလေးက မနေ့ကမူးအောင်သောက်ပြီဆိုရင်တော့ တော်တော် စိတ်ထိခိုက်သွားလို့ ထင်တယ်.. ဒါကြောင့်လဲ စိတ်ကျေနပ်အောင် တောင်းပန်ရင်းသူဆိုးသမျှ အလိုလိုက်ပေးရုံပဲ ရှိတော့တာပေါ့...
မိုးလင်းခံနီးမှ ရစ်လို့ဝပြီး အိပ်ပျော်သွားတဲ့Yoကို ရင်ခွင်ထဲ အားရအောင် ဖက်ထားရင်း ကျွန်တော် အိမ်မက် တွေထဲခရီးထွက်ခဲ့တယ်...
⛺⛺⛺⛺⛺⛺⛺⛺⛺⛺⛺⛺⛺⛺⛺⛺
"🎶🎶🎶🎶🎶🎶"
ဖုန်းမြည်သံကြောင့် ကျွန်တော် နိုးလာမိတယ်.. ရင်ခွင်ထဲမှာအိပ်နေတဲ့ Yoတော့မနိုးသေးပါဘူး.. ဒါကြောင့် ဖြေးဖြေးချင်းမပြီး ဘေးနားကို လှည့်သိပ်ပေးလိုက်တယ်.. ပြီးမှ ဖုန်းကို ထကိုင်လိုက်တယ်..
Pha --Hello...
U Tan -- Phana.. သခင်လေး မင်းနဲ့အတူ ရရှိနေလား..?
Pha --ရှိပါတယ် U Tan...!
U Tan --တော်သေးတာပေါ့..! သခင်လေးညက ပြန်မလာလို့ သူ့မိဘတွေစိတ်ပူနေကြတယ်..Pha --စိတ်မပူပါနဲ့ ကျွန်တော် Yoကို စောင့်ရှောက်ထားပါတယ်U Tan..!
U Tan-- Phana... မင်းအမေလဲ နောက်လ ဆိုပြန်ရောက်မယ်တဲ့.. ပြီးတော့သခင်လေးနဲ့ကိစ္စကို စိတ်လျော့လိုက်ပါတော့..
![](https://img.wattpad.com/cover/125883696-288-k515873.jpg)
YOU ARE READING
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...